Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:7

Judson Bible

အာ​ရုန်​သည် နံ​နက်​တိုင်း မီး​ခွက်​တို့​ကို​ပြင်​သော​အ​ခါ၊ ထို​ပ​လ္လင်​ပေါ်​မှာ မွှေး​သော နံ့​သာ​ပေါင်း​ကို​ရှို့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အာ​မ​ရံ​သား​ကား အာ​ရုန်​နှင့်​မော​ရှေ​တည်း။ အာ​ရုန်​နှင့် သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ နာ​မ​တော်​ကို​မြွက်၍ အ​စဉ်​ကောင်း​ချီး​ပေး​ခြင်း​အ​မှု​ကို ပြု​ရ​မည်​အ​ကြောင်း၊ အ​လွန်​သန့်​ရှင်း​သော အ​ရာ​တို့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​ခြား​သူ​တို့​နှင့် ခွဲ​ထား​သော​သူ ဖြစ်​ကြ၏။

တု​ရု​မင်း​ကြီး​ဟိ​ရံ​ထံ​သို့ စေ​လွှတ်၍၊ မင်း​ကြီး​သည် ငါ့​အ​ဘ​ဒါ​ဝိဒ်၏ နန်း​တော်​ဆောက်​စ​ရာ​ဖို့ အာ​ရဇ်​သစ်​သား​ကို ပေး​လိုက်​သည်​နည်း​တူ ငါ၌​တစ်​ဖန် ကျေး​ဇူး​ပြု​ပါ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​ကျင့်​ရ​သော တ​ရား​အ​တိုင်း ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ညဉ့်​ဦး၊ နံ​နက်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဓ​မ္မ​ပွဲ​နေ့​တို့၌ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်၍ ပူ​ဇော်​ရ​မည်။

ဆီး​တား​သ​ဖြင့်၊ အို​ဩ​ဇိ​မင်း၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​နှင့် မ​ဆိုင်​ပါ။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စေ​ခြင်း​ငှာ၊ ခန့်​ထား​သော အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သာ ထို​အ​မှု​နှင့် ဆိုင်​ကြ​ပါ၏။ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​သွား​လော့။ ကိုယ်​တော်​သည် ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကိုယ်​တော်​အ​သ​ရေ​ပျက်​လိမ့်​မည်​ဟု ဆို​ကြ​လျှင်၊

ဗိ​မာန်​တော်​ဦး​တံ​ခါး​ကို ပိတ်​လျက်၊ မီး​ခွက်​တို့​ကို​သတ်​လျက်၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဣ​သ​ရေ​အ​မျိုး၏​ဘု​ရား​သ​ခင်​အား နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့။ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ဘဲ​နေ​ကြ​ပြီ။

အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ လက်​ကို​ချီ​ခြင်း​သည် ညဉ့်​ဦး​ယံ ပူ​ဇော်​သ​ကာ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ပြင်​ဆင်​လျက်​ရှိ​ပါ​စေ​သော။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ မွှေး​သော နံ့​သာ​မျိုး​တည်း​ဟူ​သော န​တပ်​စေး၊ မွှေး​သော​ငါး​ခွံ၊ ဂါ​လ​ဗန်​စေး၊ စင်​သော​လော​ဗန်​စေး​တို့​ကို အ​ညီ​အ​မျှ​ချိန်​ယူ၍၊

ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ သက်​သေ​ခံ​ချက်​ထား​သော​သေ​တ္တာ​ကို ကာ​သော ကု​လား​ကာ​ရှေ့၌ ထို​ပ​လ္လင်​ကို​ထား​ရ​မည်။

ညဉ့်​ဦး​ယံ၌​လည်း မီး​ခွက်​တို့​ကို​ထွန်း​သော​အ​ခါ၊ ထို​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို ရှို့​ရ​မည်။ ထို​သို့ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ​ပြု​ရ​သော နံ့​သာ​ပေါင်း​ရှို့​ခြင်း ဖြစ်​သ​တည်း။

ထို​ပ​လ္လင်​ပေါ်၌ မွှေး​သော​နံ့​သာ​ပေါင်း​ကို မီး​ရှို့​လေ၏။

မ​ဟုတ်​မ​မှန်​ဘဲ​ကျိန်​ဆို၍ ရ​သော​ဥ​စ္စာ​အ​ဖိုး​နှင့်​တ​ကွ၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ပူ​ဇော်​သော​နေ့၌ ဥ​စ္စာ​ရှင်​အား​ပြန်​ပေး​ရ​မည်။

ထို​သို့ အာ​ရုန်​အ​မျိုး​မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​သား​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​အား​ဖြင့်၊ ကော​ရ​နှင့် သူ၏​အ​ပေါင်း​အ​သင်း​ကဲ့​သို့ မ​ဖြစ်​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လင်​ပန်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သ​တိ​ပေး​ရာ​နိ​မိတ်​ဖြစ်​ရ​ကြ၏။

မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊

ယဇ်​ပု​ရော​ဟိတ်​ထုံး​စံ​အ​တိုင်း စာ​ရေး​တံ​ချ​သ​ဖြင့်၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​အ​တွင်း​သို့ ဝင်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့ရ၏။-

ငါ​တို့​မူ​ကား၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ခြင်း​အ​မှု​တို့​ကို အ​မြဲ​ပြု၍ နေ​မည်​ဟု​ဆို​ကြ၏။-

သူ​တို့​သည် စီ​ရင်​တော်​မူ​ချက်​တို့​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ တ​ရား​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း သွန်​သင်​ကြ​လိမ့်​မည်။ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို ရှေ့​တော်၌​လည်း​ကောင်း၊ တစ်​ကိုယ်​လုံး မီး​ရှို့​ရာ​ယဇ်​ကို ယဇ်​ပ​လ္လင်​တော်​ပေါ်၌​လည်း​ကောင်း တင်​ထား​ကြ​လိမ့်​မည်။

ငါ၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ့​ရှေ့​မှာ သင်​တိုင်း​ကို​ဝတ်​ခြင်း အ​မှု​ကို စောင့်​ရ​သော ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ ရှိ​သ​မျှ​တို့​ကို၊ သင့်​အ​ဘ၏​အ​မျိုး​အား ငါ​ပေး​သည်​မ​ဟုတ်​လော။

ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ရှိ​ရာ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ မီး​ခွက်​မ​သေ​မီ၊ ရှ​မွေ​လ​သည်​လည်း အိပ်​လျက်​ရှိ​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ