အကြင်သူသည် မိမိရှူစရာဖို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဖော်၏။ ထိုသူသည် မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှ ပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။
ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားရမည်။ ပထမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပထမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
ထိုဆီနှင့်တူအောင်ဖော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊
ဥပုသ်နေ့သည် သင်တို့အားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
ထာဝရဘုရား၏တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သကာပြုခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟုမှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သောအပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
ကောဟတ်အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။
ညစ်ညူးခြင်းမရှိ၊ အခြားတစ်ပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူသည် ထာဝရဘုရားအဖို့ ပူဇော်သကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။