Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:30

Judson Bible

အာ​ရုန်​နှင့် သူ​၏​သား​တို့​ကို​လိမ်း၍၊ သူ​တို့​သည် ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။

အာ​ရုန်​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ခွင့်​ရှိ၍၊ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ​ပေး​သော​ဉာဏ်​ကို​ရ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် ထို​အ​ဝတ်​ကို​လုပ်​ရ​မည်​အ​ကြောင်း မှာ​ထား​ရ​မည်။

ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။

ထို​အ​ရာ​တို့​ကို​အ​လွန်​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​သို့​သန့်​ရှင်း​စေ​ရ​မည်။ ထို​အ​ရာ​တို့​နှင့်​တွေ့​သ​မျှ​သော​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့၌ ဤ​ဆီ​သည်၊ ငါ့​အ​ဖို့​သန့်​ရှင်း​သော လိမ်း​ရန်​ဆီ​ဖြစ်​ရ​မည်။

အ​ကယ်​စင်​စစ် သူ​တို့​ဆီ​လိမ်း​ခြင်း​ဘိ​သိက်​သည် သား​စဉ်​မြေး​ဆက်​ပတ်​လုံး၊ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ ဖြစ်​သ​တည်း​ဟု၊

ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။

လိမ်း​ရန်​ဆီ​ကို အာ​ရုန်​ခေါင်း​ပေါ်​မှာ​လောင်း၍ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ လိမ်း​လေ၏။

တစ်​ဖန် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​ရန်​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း​ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍ သား​များ၊ အ​ဝတ်​များ​တို့​ကို သန့်​ရှင်း​စေ​လေ၏။

ဤ​သူ​တို့​ကား၊ အ​ဘ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး၍ အ​ရာ၌​ခန့်​ထား​သော အာ​ရုန်၏​သား​ဖြစ်​ကြ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ