Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:3

Judson Bible

ပ​လ္လင်​ထိပ်၊ နံ​ရံ၊ ဦး​ချို​တို့​ကို ရွှေ​စင်​နှင့်​မွမ်း​မံ၍၊ အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဗျာ​ဒိတ်​ဌာ​န​တော်​အ​ခန်း​သည် အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ အ​တောင်​နှစ်​ဆယ်၊ အ​မြင့် အ​တောင်​နှစ်​ဆယ်​ရှိ၏။ ထို​အ​ခန်း​ကို​လည်း​ကောင်း၊ အာ​ရဇ်​သစ်​သား​နှင့်​လုပ်​သော ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။

အိမ်​တော်​တစ်​အိမ်​လုံး​ကို​လည်း​ကောင်း၊ ဗျာ​ဒိတ်​ဌာ​န​တော်​နား​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ရွှေ​နှင့် အ​ကုန်​အ​စင် မွမ်း​မံ​လေ၏။

ရှော​လ​မုန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော​ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ ရွှေ​စား​ပွဲ၊

သေ​တ္တာ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော​ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။

ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။ စား​ပွဲ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း၊

ထို​ပ​လ္လင်​သည် အ​လျား​တစ်​တောင်၊ အ​နံ​တစ်​တောင်၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၍၊ အ​မြင့်​နှစ်​တောင်​ရှိ​ရ​မည်။ ဦး​ချို​တို့​ကို​လည်း အ​ကာ​ရှ​သား​ဖြင့် ပြီး​စေ​ရ​မည်။

ရွှေ​တန်​ဆာ​အောက်၊ ပ​လ္လင်​တစ်​ဖက်​တစ်​ချက်​ထောင့်၌ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်၍၊ ပ​လ္လင်​ထမ်း​စ​ရာ​ထမ်း​ပိုး​နေ​ရာ ဖြစ်​ရ​မည်။

ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် လာ၍ ရွှေ​လင်​ပန်း​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​နား​မှာ ရပ်​နေ၏။ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ပ​တ္ထ​နာ​နှင့်​အ​တူ ဆက်​ကပ်​ခြင်း​ငှာ၊ မီး​ရှို့​သော နံ့​သာ​ပေါင်း​အ​များ​ကို ထို​သူ၌​ပေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ