Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:23

Judson Bible

သင်​သည်​မြတ်​သော​နံ့​သာ​မျိုး​ကို အ​ကျပ်​တော်​နှင့်​ချိန်​လျက်၊ စင်​ကြယ်​သော​မု​ရန်​စေး အ​ကျပ်​ငါး​ရာ၊ မွှေး​သော​သစ်​ကြံ​ပိုး နှစ်​ရာ​ငါး​ဆယ်၊ မွှေး​သော​ကြံ နှစ်​ရာ​ငါး​ဆယ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​သည် တဲ​တော်​ထဲ​က ဆီ​ဘူး​ကို​ယူ၍ ရှော​လ​မုန်​ကို ဘိ​သိက်​ပေး​ပြီး​မှ၊ သူ​တို့​သည် တံ​ပိုး​မှုတ်၍၊ ရှော​လ​မုန်​မင်း​ကြီး​သည် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု လူ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​ကြ၏။

အ​ချို့​တို့​သည်​လည်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော် တန်​ဆာ​များ၊ အ​သုံး​အ​ဆောင်​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ ဆီ၊ လော​ဗန်၊ နံ့​သာ​မျိုး​များ​ကို ပြု​စု၍​စောင့်​ရ​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား အ​ချို့​တို့​သည်​လည်း နံ့​သာ​ဆီ​ကို​လုပ်​ရ​ကြ၏။

ဆင်​စွယ်​ဘုံ​ဗိ​မာန်​ထဲ​က​ထုတ်​သော အ​ဝတ်​တန်​ဆာ​တော်​ရှိ​သ​မျှ​တို့​သည် မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​အ​မွှေး​နှင့် ပြည့်​စုံ၍ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ​ပါ၏။

လိမ်း​ရန်​ဆီ​ဖော်​ဖို့၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ၊ နံ့​သာ​မျိုး၊ မီး​ထွန်း​စ​ရာ​ဆီ၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊

သစ်​ကြံ​ပိုး တစ်​မျိုး​ငါး​ရာ၊ သံ​လွင်​ဆီ​တစ်​ဟိန်​ကို​ယူ​၍၊

လိမ်း​စ​ရာ​ဆီ​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌​သုံး​ဖို့ နံ့​သာ​ပေါင်း​မွှေး​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​၏။

မီး​ထွန်း​စ​ရာ​ဖို့ လိမ်း​ရန်​ဆီ​ဖော်​ဖို့ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ နံ့​သာ​မျိုး​နှင့် ဆီ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။

ဆေး​သ​မား​အ​တတ်​နှင့် ဆေး​ပေါင်း​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ သန့်​ရှင်း​သော လိမ်း​ရန်​နံ့​သာ​ဆီ​ကို​လည်း​ကောင်း၊ နံ့​သာ​မျိုး​နှင့်​ဖော်​သော မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​စင်​ကို​လည်း​ကောင်း လုပ်​လေ၏။

ငါ့​မွေ့​ရာ​ကို မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​နှင့် ထုံ​ပြီ။

ငါ​ချစ်​ရာ​သ​ခင်​သည် ငါ၌ မု​ရန်​နံ့​သာ​ပုံ​ဖြစ်၍၊ ငါ့​ရင်​အုံ​ကြား​မှာ တစ်​ည​လုံး အိပ်​ရ​မည်။

ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။

နာ​ဒု​ပင်၊ ကု​ရ​ကု​မ​ပင်၊ ကြံ​ပင်၊ သစ်​ကြံ​ပိုး​ပင်၊ လော​ဗန်​ပင်​မျိုး၊ မု​ရန်​ပင်၊ အ​ကျော်​ပင်၊ အ​မြတ်​ဆုံး​သော နံ့​သာ​ပင်​မျိုး ပါ​ကြ၏။

သင်​သည် မွှေး​သော​ကြံ​ကို ငါ့​ဖို့ ငွေ​နှင့်​မ​ဝယ်။ ပူ​ဇော်​သော​ယဇ်​ကောင်​ဆီ​ဥ​နှင့် ငါ့​ကို ဝ​စွာ​မ​ကျွေး။ သင်​သည် ဒု​စ​ရိုက်​အ​ပြစ်​နှင့် ငါ့​ကို အ​မှု​ထမ်း​စေ​ပြီ​တ​ကား။ အ​ဓ​မ္မ​အ​မှု​ကို​ပြု၍ ငါ့​ကို​ပင်​ပန်း​စေ​ပြီ​တ​ကား။

ရှေ​ဘ​ပြည်​မှ လော​ဗန်​ကို​လည်း​ကောင်း၊ ဝေး​သော​ပြည်​မှ မွှေး​သော​ကြံ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​ဆောင်​ခဲ့​သ​နည်း။ သင်​တို့​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​အ​လို​မ​ရှိ။ ပူ​ဇော်​သော​ယဇ်​အ​မျိုး​မျိုး​ကို ငါ​မ​နှစ်​သက်။

ဝေ​ဒန်​မြို့​နှင့် ယာ​ဝန်​ပြည် ဥ​ဇာ​လ​မြို့​သည်​လည်း သံ​ပြောင်​ကို သင့်​ဝိုင်း​သို့​ယူ​ခဲ့၍၊ သင့်​ဈေး၌ သစ်​ကြံ​ပိုး​နှင့် ကြံ​လည်း​ရှိ၏။

ရှေ​ဘ​ကုန်​သည်၊ ရာ​ဂ​မ​ကုန်​သည်​တို့​သည် သင်​နှင့် ကုန်​သွယ်၍ အ​မြတ်​ဆုံး​သော နံ့​သာ​မျိုး၊ အ​ဖိုး​ကြီး​သော ကျောက်​မျိုး၊ ရွှေ​မျိုး​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား ဧ​လာ​ဇာ၏​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​ဟူ​မူ​ကား၊ မီး​ထွန်း​စ​ရာ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး၊ နေ့​ရက်​အ​စဉ်​အ​တိုင်း​ဆက်​ကပ်​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ လိမ်း​ရန်​ဆီ အ​စ​ရှိ​သော​တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​မည်။

ဆီ​ဘူး​ကို​ယူ၍ ရှော​လု၏​ခေါင်း​ပေါ်​မှာ​လောင်း​လေ၏။ တစ်​ဖန်​သူ့​ကို​နမ်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မွေ​တော်​လူ​မျိုး၏ မင်း​အ​ရာ၌​ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ