Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:20

Judson Bible

အ​မှု​တော်​ကို​ထမ်း၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​အ​နား​သို့​ချဉ်း​ကပ်​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ သေ​တ္တာ​တော်​ကို ကိုင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို အ​မျက်​ထွက်၍၊ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ဩ​ဇ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ သေ​လေ၏။

ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။

ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော်​လည်း​ကောင်း၊

သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ မိ​မိ​တို့​လက်​ခြေ​ကို​ဆေး​ရ​မည်။ ထို​သို့ သူ​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည် စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ သူ၏​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ထဲ​သို့ ဝင်​သော်​လည်း​ကောင်း၊

သန့်​ရှင်း​သော​ပိတ်​ချော​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်၍၊ ပိတ်​ချော​ခါး​ပန်း​ကို စည်း​ရ​မည်။ ပိတ်​ချော​ဗောင်း​ကို​လည်း ဆောင်း​ရ​မည်။ ထို​အ​ဝတ်​တန်​ဆာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ ကိုယ်​ကို​ရေ​ချိုး​ပြီး​မှ ဝတ်​ဆင်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ခေါ်​ခဲ့၍ ရေ​ချိုး​ပြီး​လျှင်၊

ထို​မိန်း​မ​သည် ပေ​တ​ရု၏​ခြေ​ရင်း၌ လဲ၍​သေ​လေ၏။ လု​လင်​တို့​သည်​လည်း ဝင်၍ ထို​မိန်း​မ​သေ​သည်​ကို​တွေ့​လျှင်၊ ဆောင်​သွား၍​သူ၏ ခင်​ပွန်း​အ​နား​မှာ သင်္ဂြိုဟ်​ကြ၏။-

ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။-

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ