ထွက်မြောက် 30:12Judson Bibleဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီး မိမိအသက်ရွေးရန်အဖိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။ အခန်းကိုကြည့်ပါ။ |
သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသောဘေး၊ သုံးလပတ်လုံး သင့်ကိုရန်သူလိုက်မီ၍ ဓားဖြင့်လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော်၌ ကာလနာတည်းဟူသော ထာဝရဘုရား၏ဓားတော်ကို၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ကိုင်၍ ဣသရေလပြည် တစ်လျှောက်လုံးကို ဖျက်ဆီးသောဘေးတို့တွင် တစ်ပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတစ်ရာ တိုးပွားစေခြင်းငှာ ပြုတော်မူပါစေသော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်းတို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ်၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာအကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။
တစ်ဖန် ရှင်ဘုရင်သည် ယဇ်ပုရောဟိတ်အကြီးယောယဒကိုခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဖို့၊ ထာဝရဘုရား၏ကျွန်မောရှေနှင့် စည်းဝေးရာ ဣသရေလ ပရိသတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကိုခံယူ၍ ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟု မေးတော်မူ၏။
သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။