ထွက်မြောက် 30:1Judson Bibleတစ်နည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။ အခန်းကိုကြည့်ပါ။ |
အာရုန်နှင့် သူ၏သားစဉ်မြေးဆက် မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာ ပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကို စောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသောသူ ဖြစ်ကြ၏။
တစ်ဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။