Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 3:7

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ငါ၏​လူ​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ကို​စေ​ခိုင်း​သော​သ​ခင်​တို့​ကြောင့် သူ​တို့​မြည်​တမ်း​သော​အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​ကို ငါ​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ကိုယ်​ဝန်​ဆောင်​သည်​ဖြစ်၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ဣ​ရှ​မေ​လ​အ​မည်​ဖြင့် မှည့်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဆင်း​ရဲ​ဒု​က္ခ​ကို ကြား​သိ​တော်​မူ​ပြီ။

ယ​ခု​ငါ​သွား၍ ငါ့​ရှေ့​သို့​ရောက်​ခဲ့​ပြီး​သော ကြွေး​ကြော်​ခြင်း​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​မှန်​ပြု​သည် မ​ပြု​သည်​ကို ငါ​ကြည့်​ရှု​မည်။ မ​ပြု​လျှင် မ​ပြု​ကြောင်း​ကို ငါ​သိ​မည်​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။

လေ​အာ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့်၊ သား​ကို​ဖွား​မြင်၍ ရု​ဗင်​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘုရား​သည် ငါ၏​ဆင်း​ရဲ​ခံ​ခြင်း​ကို အ​မှန်​ကြည့်​မြင်​တော်​မူ​ပြီ။ သို့​ဖြစ်၍ ယ​ခု​ငါ့​လင်​သည် ငါ့​ကို​ချစ်​လိမ့်​မည်​ဟု ဆို​သ​တည်း။

သူ​က​လည်း မျှော်၍​ကြည့်​လော့။ တိ​ရ​စ္ဆာန်​မ​နှင့်​ပေါင်း​ဖော်​သော တိ​ရ​စ္ဆာန်​အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ အ​ပြောက်​အ​ကျား​မှ​စ၍၊ အ​ထွေ​ထွေ​သော အ​ဆင်း​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်၌​လာ​ဗန်​ပြု​သ​မျှ​တို့​ကို​ငါ​မြင်၏။

ယ​ခု​လည်း ကျွန်ုပ်​အ​ဘ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ ဣ​ဇာက်၏​ကြောက်​ရွံ့​ရာ​ဘု​ရား​သည် ကျွန်ုပ်​ဘက်၌​မ​ရှိ​လျှင်၊ သင်​သည် ကျွန်ုပ်​ကို ဧ​ကန်​အ​မှန်​လက်​ချည်း လွှတ်​လိုက်​လိမ့်​မည်​တ​ကား။ အ​ကယ်​စင်​စစ် ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​ကို ဘု​ရား​သ​ခင်​မြင်၍၊ မ​နေ့​ည​မှာ သင့်​ကို​ဆုံး​မ​တော်​မူ​ပြီ​ဟု ဆို​လေ​၏။

နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ မာ​န​ထောင်​လွှား​သော သူ​တို့​ကို​ကား​ရှုတ်​ချ​ခြင်း​ငှာ ကြည့်​မှတ်​တော်​မူ၏။

တစ်​ဖန် ယော​ခတ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​လေ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​လွန်​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်၍ ယော​ခတ်​စ​ကား​ကို နား​ထောင်​တော်​မူ၏။

သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်၌ အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​များ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​မြင်၍၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ သူ​တို့ အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။

တစ်​ဖန် သူ​တို့​အော်​ဟစ်​ခြင်း​ကို ကြား​တော်​မူ​လျှင်၊ သူ​တို့၌ ဆင်း​ရဲ​ဒု​က္ခ​ကို ကြည့်​ရှု​သ​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ချက်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ၍ မြေ​နှင့်​ကင်း​စင်​စေ​ခြင်း​ငှာ၊ မိုက်၌​ခု​နစ်​ကြိမ်​စစ်​သော ငွေ​ကဲ့​သို့​ဖြစ်​ကြ၏။

အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်​ရှိ​သော​အ​ခါ၊ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။

ကြောက်​ရွံ့​သော​သူ​တို့၏​အ​လို​ကို ပြည့်​စုံ​စေ​တော်​မူ၏။ ထို​သူ​တို့၏​အော်​ဟစ်​ခြင်း​ကို​ကြား၍ ကယ်​တင်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​အ​ခါ နား​ထောင်​တော်​မူ၏။ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း အ​လုံး​စုံ​တို့​အ​ထဲ​က ငါ့​ကို ကယ်​နုတ်​တော်​မူ၏။

ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

သို့​ဖြစ်၍ ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဇိ​အုန်​မြို့​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​ပြ​ညွှန်​ပါ​မည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်။

ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။

ထို​နောက်​မှ​အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ကို​မ​သိ​သော ရှင်​ဘု​ရင်​သစ်​ပေါ်​လာ၏။

နှောင့်​ယှက်​ခြင်း တစ်​စုံ​တစ်​ခု​ကို​ပြု၍ သူ​တို့​သည် ငါ့​အား​အ​နည်း​ငယ်​အော်​ဟစ်​လျှင်၊ ငါ​သည် ထို​အ​သံ​ကို​အ​မှန်​ကြား၍၊

သို့​ဖြစ်၍ အ​ကျွန်ုပ်​သည်​ရှေ့​တော်၌ မျက်​နှာ​ရ​လျှင်၊ မျက်​နှာ​ရ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​လမ်း​ကို ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။

အ​အုပ်​အ​ချုပ်​အ​ကြပ်​အ​ဆော်​တို့​သည် ထွက်၍၊ ဖာ​ရော​ဘု​ရင်​က ကောက်​ရိုး​ကို​ငါ​မ​ပေး။

ထို​နေ့​ချင်း​တွင်​အ​အုပ်​အ​ချုပ်၊ အ​ကြပ်​အ​ဆော်​တို့​ကို​ခေါ်​ပြီး​လျှင်၊

အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​သော​အ​ခါ၊ ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ အ​ကျွန်ုပ်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။ ယ​ခု​မှာ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​နိုင်​ငံ​အ​စွန်​အ​နား၊ ကာ​ဒေ​ရှ​အ​ရပ်၌​ရှိ​ကြ​ပါ၏။

အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ငါ၏​လူ​တို့​သည် ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ညည်း​တွား​မြည်​တမ်း​သော အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ငါ​စေ​လွှတ်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။-

ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

ဤ​အ​ချိန်၌ ဗင်္ယာ​မိန်​ပြည်​မှ လူ​တစ်​ယောက်​ကို သင်​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သင်​သည် ထို​သူ​ကို ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏​မင်း​အ​ရာ၌ ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​ရ​မည်။ သူ​သည် ငါ၏​လူ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​ရ​လိမ့်​မည်။ ငါ​သည် သူ​တို့​အော်​ဟစ်​သံ​ကို​ကြား၍၊ သူ​တို့​ကို ကြည့်​ရှု​သည်​ဟု ရှ​မွေ​လ​နား​အ​ပါး၌ မိန့်​တော်​မူ​နှင့်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ