Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 3:12

Judson Bible

ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

43 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် အာ​ဗြံ​သို့​ရောက်၍၊ အ​ချင်း​အာ​ဗြံ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်၏​အ​ကွယ်​အ​ကာ​ဖြစ်၏။ သင်၏​အ​ကျိုး​သည်​အ​လွန်​ကြီး​လှ၏​ဟု မိန့်​တော်​မူ​လျှင်၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ပြည်​ကို အ​ကျွန်ုပ်​အ​မွေ​ခံ​ရ​မည်​ကို အ​ဘယ်​သို့​သိ​ရ​ပါ​အံ့​နည်း​ဟု မေး​လျှောက်​လေ၏။

ယ​ခု​ဤ​ပြည်၌ တည်း​ခို၍​နေ​လော့။ သင့်​ဘက်​မှာ​ငါ​နေ၍ ကောင်း​ချီး​ပေး​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​ဘ​အာ​ဗြ​ဟံ​အား ငါ​ကျိန်​ဆို​သော​စ​ကား​ရှိ​သည်​အ​တိုင်း​ငါ​ပြု​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဘိုး​ဘေး​နေ​သော​ပြည်၊ သင်၏​အ​မျိုး​သား​ချင်း​ထံ​သို့ ပြန်​သွား​လော့။ ငါ​သည် သင့်​ဘက်၌​ရှိ​နေ​မည်​ဟု ယာ​ကုပ်​အား​မိန့်​တော်​မူ၏။

သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ​ပေါက်​သော အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည် စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင်​မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို​ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို​စား​ကြ​လော့။

ရှေး​ကာ​လ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​သည် ထို​သူ​တို့​ကို​အုပ်​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ၏။

အ​ကျွန်ုပ်​အား ကောင်း​သော​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် မြင်၍ ရှက်​ကြောက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မ​စ၍ ချမ်း​သာ​ပေး​တော်​မူ၏။

မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည် မော​ရှေ​မ​ယား​နှင့် သား​တို့​ကို​ယူ၍၊ တော၌ ဘု​ရား​သ​ခင်၏​တောင်​တော်​နား၊ မော​ရှေ​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​လာ​လျှင်၊

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ရောက်၍၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ သူ​တို့​က၊ ထို​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကား အ​ဘယ်​သို့​နည်း​ဟု အ​ကျွန်ုပ်​ကို​ပြန်၍​မေး​သော​အ​ခါ၊ အ​ဘယ်​သို့​ပြန်​ပြော​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​မေး​လျှောက်​လေ၏။

ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။

သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။

သို့​ဖြစ်၍ တော၌​သုံး​ရက်​ခ​ရီး​သွား၍ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယဇ်​ပူ​ဇော်​ကြ​ပါ​မည်​ဟု လျှောက်​ဆို၏။

သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ ပေါက်​သော​အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည်​စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင် မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို စား​ကြ​လော့။

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

မော​ရှေ​က​လည်း၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​သည်​အ​လို​လို​မ​ပြု၊ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ၍ ငါ​ပြု​သည်​အ​ကြောင်း​ကို သင်​တို့​သည် အ​ဘယ်​သို့​သိ​ရ​မည်​နည်း ဟူ​မူ​ကား၊

ယာ​ကုပ်​အ​မျိုး​ကို ညှဉ်း​ဆဲ​သော​အ​မှု၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ပြု​သော နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ရှင်​ဘု​ရင်​ကြွေး​ကြော်​ခြင်း​အ​သံ​ကို သူ​တို့​တွင်​ကြား​ရ၏။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား၍၊ သ​ခင်​ဘု​ရား​သည် မ​စ​တော်​မူ​သည်​နှင့်​လည်း​ကောင်း၊ သူ​တို့၌​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​အား​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို တည်​စေ​တော်​မူ​သည်​နှင့်​လည်း​ကောင်း ခပ်​သိမ်း​သော​အ​ရပ်​တို့၌ တ​ရား​ဟော​ကြ၏။ ရှင်​မာ​ကု​ခ​ရစ်​ဝင်​ပြီး၏။

သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။

သူ​တို့​ကို စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ သူ​တို့​သည်​ထွက်၍ ဤ​အ​ရပ်၌ ငါ့​အား ဝတ်​ပြု​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၏။-

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

တစ်​ဖန် နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆောင်​သွင်း​ရ​မည်။ ငါ​သည် သင်​နှင့်​အ​တူ​ရှိ​မည်​ဟု မှာ​ထား​တော်​မူ၏။

သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-

သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဂိ​ဒေါင်​က​လည်း၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​လျှင် အ​ကျွန်ုပ်​နှင့် ယ​ခု​နှုတ်​ဆက်​တော်​မူ​ကြောင်း ထင်​ရှား​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။

သူ​တို့​သည် အ​ဘယ်​သို့​ပြော​သည်​ကို ကြား​လိမ့်​မည်။ ထို​နောက်​မှ တပ်​ချ​ရာ​သို့ ချီ​သွား​ခြင်း​ငှာ သင့်​လက်​အား​ကြီး​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် မိ​မိ​ကျွန်​ဖု​ရ​ကို​ခေါ်၍ ရန်​သူ၏​တပ်​ပြင်၌ ကင်း​ထိုး​သော​သူ​ရှိ​ရာ​သို့ သွား​လေ၏။

သို့​မ​ဟုတ်၊ လာ​ကြ​ဟု​ဆို​လျှင် သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ၏။ ထို​သို့​သော ပု​ပ္ပ​နိ​မိတ်​ရှိ​ရ၏​ဟု ဆို​သည်​နှင့်​အ​ညီ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ