Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 29:4

Judson Bible

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

တဲ​တော်​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ချယ်​လှယ်​သော ကု​လား​ကာ​တစ်​ထည်​ကို လုပ်​ရ​မည်။

ထို​မုန့်​များ​ကို တောင်း​တစ်​လုံး​ထဲ၌​ထည့်​ပြီး​မှ၊ နွား​တစ်​ကောင်၊ သိုး​နှစ်​ကောင်​နှင့်​တ​ကွ ဆောင်​ခဲ့​ရ​မည်။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။

တဲ​တော်​တံ​ခါး​ဝ၌​လည်း၊ ကု​လား​ကာ​ကို​ဆွဲ​ကာ​လေ၏။

ယဇ်​ပ​လ္လင်​အ​နီး​သို့ ချဉ်း​ကပ်​သော်​လည်း​ကောင်း၊ လက်​ခြေ​တို့​ကို ဆေး​ရ​ကြ၏။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝင်​သော​အ​ခါ အ​မှု​တော်​ဆောင် အ​ဝတ်​ကို​ဝတ်​လျက်၊ သန့်​ရှင်း​သော​အ​ရပ်​မှ ပြင်​တံ​တိုင်း​သို့ မ​ထွက်​ရ။ ထို​အ​ဝတ် သန့်​ရှင်း​သော​ကြောင့် ချွတ်​ထား၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ပြီး​မှ၊ လူ​များ​ရှိ​ရာ​သို့ ထွက်​သွား​ရ​ကြ​မည်​ဟု ငါ့​အား​ပြော​ဆို၏။

စင်​ကြယ်​စေ​ရ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ မိ​မိ​ဆံ​ပင်​ကို အ​ကုန်​အ​စင်​ရိတ်​ပြီး​မှ၊ စင်​ကြယ်​စေ​ခြင်း​ငှာ ရေ​ချိုး​ရ​မည်။ ထို​နောက်၊ တပ်​ထဲ​သို့​ဝင်၍၊ မိ​မိ​တဲ​ပြင်၌ ခု​နစ်​ရက်​နေ​ရ​မည်။

လေ​ဝိ​သား​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ခေါ်​ခဲ့၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ပြီး​မှ၊

ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။-

မိုး​ချုပ်​သော​အ​ခါ ရေ​ချိုး၍၊ နေ​ဝင်​ပြီး​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။

ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။-

ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

ထို​သို့​သော ဥ​ပ​မာ​အ​တိုင်း၊ ယ​ခု​တွင် ဗ​တ္တိ​ဇံ​သည် ယေ​ရှု​ခ​ရစ် ထ​မြောက်​တော်​မူ​သော​အား​ဖြင့်၊ ငါ​တို့​ကို ကယ်​တင်​တတ်၏။ ဗ​တ္တိ​ဇံ​ဟု​ဆို​သော်၊ ကိုယ်​ကာ​ယ၏ အ​ညစ်​အ​ကြေး ဆေး​ကြော​ခြင်း​ကို မ​ဆို​လို။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်၍၊ ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ခြင်း​ကို ဆို​လို​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ