ယဇ်ပုရောဟိတ်တို့သည် သတ်၍၊ ဣသရေလ အမျိုးသားအပေါင်းတို့၏ အပြစ်ကိုပြေစေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်မှာ အသွေးအားဖြင့် အပြစ်ဖြေခြင်းမင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ဣသရေလ အမျိုးသားအပေါင်းတို့အဖို့ ပူဇော်မည်အကြောင်း၊ ရှင်ဘုရင် အမိန့်တော်ရှိပြီ။