ထွက်မြောက် 28:9Judson Bibleရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတစ်ဆယ်နှစ်မျိုးကို၊ အခန်းကိုကြည့်ပါ။ |
ငါ၏ဘုရားသခင် အိမ်တော်အဖို့ ရွှေတန်ဆာလုပ်စရာဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာလုပ်စရာဖို့ ငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာလုပ်စရာဖို့ ကြေးဝါကိုလည်းကောင်း၊ သံတန်ဆာလုပ်စရာဖို့ သံကိုလည်းကောင်း၊ သစ်သားတန်ဆာလုပ်စရာဖို့ သစ်သားကိုလည်းကောင်း၊ ရှဟံကျောက်နှင့် အရောင်မျိုးထွက်၍ စီစရာဖို့ ကောင်းသောကျောက်၊ အဖိုးထိုက်သောကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကိုလည်းကောင်း၊ တတ်နိုင်သမျှအတိုင်း ငါပြင်ဆင်ပြီ။
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ်ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော်မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန် ဖြစ်ပါ၏။
ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသောကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်းလေ၏။ ရွှေဖြင့်လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဖွားသောနေ့၌ပင် သင့်အဖို့ ပြင်ဆင်လျက်ရှိကြ၏။