Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 28:4

Judson Bible

လုပ်​ရ​သော​အ​ဝတ်​ဟူ​မူ​ကား၊ ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​လုံ၊ ချယ်​လှယ်​သော​အင်္ကျီ၊ ဗောင်း၊ ခါး​ပန်း​တည်း​ဟူ​သော သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်​ခြင်း​ငှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။

ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော အ​လှူ​ကို​ခံ​ရ​မည်။

သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ ဗောင်း၌​သန့်​ရှင်း​သော​သင်း​ကျစ်​ကို တပ်​ရ​မည်။

ပိတ်​ချော​ဗောင်း​ကို​လည်း​ကောင်း၊ တင့်​တယ်​သော ပိတ်​ချော ဦး​ထုပ်​များ​ကို​လည်း​ကောင်း၊ ပိတ်​ချော ဘောင်း​ဘီ​များ​ကို​လည်း​ကောင်း၊

တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။

ဖြောင့်​မတ်​ခြင်း တ​ရား​တည်း​ဟူ​သော ရင်​ကျပ်​ကို​ဝတ်​ဆင်၍၊ ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို ဆောင်း​တော်​မူ၏။ အ​ပြစ်​ပေး​ခြင်း အ​ဝတ်​ကို​လည်း​ကောင်း၊ စိတ်​အား​ကြီး​ခြင်း​ဝတ်​လုံ​ကို​လည်း​ကောင်း ယူ​တင်​ဝတ်​ဆောင်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။

သ​စ္စာ​တည်း​ဟူ​သော ခါး​ပန်း​ကို​စည်း​လျက်၊ ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊-

နေ့၏​သား​ဖြစ်​သော ငါ​တို့​မူ​ကား၊ သ​မ္မာ​သ​တိ​ရှိ​ကြ​ကုန်​အံ့။ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​လင့်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဝတ်​ဆောင်​ကြ​ကုန်​အံ့။-

ထို​အ​တူ ဗျာ​ဒိတ်​ရူ​ပါ​ရုံ၌ ထင်​ရှား​သော မြင်း​တို့​ကို​လည်း​ကောင်း၊ ကန့်၊ မီး၊ ဝှါ​ကိ​န္သု​ကျောက်​နှင့်​ပြီး​သော ရင်​အုပ်​တန်​ဆာ​ရှိ​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ငါ​မြင်​ရ၏။ မြင်း​တို့၏ ခေါင်း​သည် ခြင်္သေ့​ခေါင်း​ကဲ့​သို့ ဖြစ်၏။ သူ​တို့၏ ခံ​တွင်း​ထဲ​က​လည်း ကန့်၊ မီး​လျှံ၊ မီး​ခိုး​ထွက်​ကြ၏။-

သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။

တစ်​ဖန် ရှင်​ဘု​ရင်​က၊ သင်​သည်​လှည့်၍ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြံ​တော့​ဟု ဒေါ​ဂ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​ဒုံ​အ​မျိုး​သား​ဒေါ​ဂ​သည် လှည့်၍ ပိတ်​သင်​တိုင်း​ကို​ဝတ်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​နေ့၌ သတ်​လေ၏။

အ​ဟိ​မ​လက်၏​သား​အ​ဗျာ​သာ​သည်၊ ဒါ​ဝိဒ်​ရှိ​ရာ​ကိ​လ​မြို့​သို့ ပြေး​လာ​သော​အ​ခါ သင်​တိုင်း​တော်​ပါ​လျက် ရောက်​လာ​သ​တည်း။

သင်​တိုင်း​တော်​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ပါ​လော့​ဟု အ​ဟိ​မ​လက်၏​သား အ​ဗျာ​သာ​ကို ဆို​လျှင်၊ အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ