Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 28:36

Judson Bible

ရွှေ​စင်​သင်း​ကျစ်​ကို​လည်း​လုပ်၍၊ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း​ခြင်း​ဟု အ​က္ခ​ရာ​တင်​၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အာ​မ​ရံ​သား​ကား အာ​ရုန်​နှင့်​မော​ရှေ​တည်း။ အာ​ရုန်​နှင့် သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ နာ​မ​တော်​ကို​မြွက်၍ အ​စဉ်​ကောင်း​ချီး​ပေး​ခြင်း​အ​မှု​ကို ပြု​ရ​မည်​အ​ကြောင်း၊ အ​လွန်​သန့်​ရှင်း​သော အ​ရာ​တို့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​ခြား​သူ​တို့​နှင့် ခွဲ​ထား​သော​သူ ဖြစ်​ကြ၏။

သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​လွန် မြဲ​မြံ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​သည် အ​စဉ်​အ​မြဲ အိမ်​တော်၏​အ​သ​ရေ​ဖြစ်​ပါ​သ​တည်း။

သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။

တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ကျောက်​လုပ်​သော အ​လုပ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၏ နာ​မည်​တို့​ကို ထို​ကျောက်​နှစ်​လုံး​အ​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရွှေ​ကျောက်​အိုး​၌ ထည့်​ရ​မည်။

အာ​ရုန်​သည် အ​မှု​တော်​ကို​ဆောင်၍၊ သန့်​ရှင်း​ရာ​အ​ရပ် ဌာ​န​တော်​အ​ထဲ​မှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထွက်​ဝင်​သော​အ​ခါ၊ သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ ထို​ဝတ်​လုံ​ကို​ဝတ်၍ သူ၏​အ​သံ​ကို ကြား​ရ​မည်။

ပြာ​သော​ကြိုး​နှင့် ဗောင်း​ရှေ့၌​ချည်​ထား​ရ​မည်။

ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ်​နှစ်​မျိုး​ကို၊

သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ ဗောင်း၌​သန့်​ရှင်း​သော​သင်း​ကျစ်​ကို တပ်​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ရက်​သော​ပိတ်​ချော​အင်္ကျီ​များ​ကို​လည်း​ကောင်း၊

မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သန့်​ရှင်း​သော သင်း​ကျစ်​ပြား​ကို​လည်း ရွှေ​စင်​နှင့်​လုပ်၍ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ခြင်း​ဟု​အ​က္ခ​ရာ​တင်၍၊

ပြာ​သော​ကြိုး​နှင့် ဗောင်း​အ​ပေါ်​နား၌ ချည်​ထား​လေ​၏။

သို့​ရာ​တွင်၊ သူ၏​ကုန်​သွယ်​ခြင်း၊ အ​မြတ်​ရ​ခြင်း​အ​ရာ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​လိမ့်​မည်။ ဆည်း​ပူး​သို​ထား​ခြင်း​ကို မ​ပြု​ရ။ ကုန်​သွယ်​သော ဥ​စ္စာ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နေ​သော​သူ​တို့​အ​ဖို့ ဖြစ်၍ သူ​တို့​သည်​ဝ​စွာ​စား၍ ခိုင်​သော​အ​ဝတ်​ကို ဝတ်​ကြ​လိမ့်​မည်။

တောင်​ထိပ်​ပေါ်​မှာ​တည်​သော အိမ်​တော်၏​တ​ရား​ဟူ​မူ​ကား၊ အိမ်​တော်​နယ်​နိ​မိတ်​ရှိ​သ​မျှ​တို့​သည် အ​လွန်​သန့်​ရှင်း​ရ​ကြ​မည်။ ဤ​ရွေ့​ကား၊ အိမ်​တော်၏​တ​ရား​ပေ​တည်း။

ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။

သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ သန့်​ရှင်း​သော​ရွှေ​သင်း​ကျစ်​ပြား​ကို ဗောင်း​ရှေ့၌​တပ်​လေ၏။

ထို​နေ့​ရက်​ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ခြင်း​ဟု၊ မြင်း၌​ဆွဲ​သော ဆည်း​လည်း​အ​ပေါ်​မှာ​ပင် အ​က္ခ​ရာ​တင်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ အိုး​တို့​သည် ယဇ်​ပ​လ္လင်​ရှေ့​မှာ​ရှိ​သော ဖ​လား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။

လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ