စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီရမည်။
တတိယအတန်းကား၊ ဝှါကိန္သု၊ မဟူရာ၊ ဂေါ်မိတ်။
ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါရမည်။
လက်တော်တို့သည် မျက်ရွဲစီသော လက်စွပ်ကဲ့သို့လည်းကောင်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့လည်းကောင်းဖြစ်၏။
ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့် တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဌာန်မူကား၊ ဘီးတစ်ခုအထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ဖြစ်၏။
ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီးတစ်ခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်းအရောင် ရှိ၏။
သူ၏ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသော လူစုအသံနှင့် တူ၏။
ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။-
ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့် တူ၏။ ပလ္လင်၏ပတ်ဝန်းကျင်၌ကား၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံရှိ၏။-