Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 28:14

Judson Bible

အ​ဆုံး၌​တပ်​ရ​သော​ကြိုး​နှစ်​ပင်​တို့​ကို ရွှေ​စင်​နှင့်​ကျစ်၍​လုပ်​ပြီး​မှ ကျောက်​အိုး၌​တွဲ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကြေး​ဝါ​ကွန်​ရွက်​နှင့် ကြေး​ဝါ​ကြိုး​တို့​ကို​လည်း​လုပ်၍၊ တိုင်​တစ်​တိုင်​လျှင် ကွန်​ရွက်​ခု​နစ်​ခု​စီ​ဖြင့် တိုင်​ထိပ်​ပေါ်​မှာ ဖုံး​လွှမ်း​လေ၏။

တိုင်​အ​မြင့်​ကား တစ်​ဆယ်​ရှစ်​တောင်​ရှိ၏။ ကြေး​ဝါ​တိုင်​ထိပ်​လည်း ရှိ၏။ တိုင်​ထိပ်​အ​မြင့်​ကား သုံး​တောင်​ရှိ၍၊ ထိပ်​ပတ်​လည် ကြေး​ဝါ​ကွန်​ရွက်၊ ကြေး​ဝါ​သ​လဲ​သီး​တို့​နှင့် ပြည့်​စုံ၏။ အ​ခြား​သော​တိုင်​သည်​လည်း ထို​အ​တူ​ဖြစ်၍ ကွန်​ရွက်​နှင့် ပြည့်​စုံ၏။

တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ကျောက်​လုပ်​သော အ​လုပ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၏ နာ​မည်​တို့​ကို ထို​ကျောက်​နှစ်​လုံး​အ​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရွှေ​ကျောက်​အိုး​၌ ထည့်​ရ​မည်။

ကျောက်​အိုး​တို့​ကို ရွှေ​နှင့် လုပ်​ရ​မည်။

ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လည်း​ကောင်း၊ သင်​တိုင်း​ကို​လုပ်​သည်​နည်း​တူ၊ ဗျာ​ဒိတ်​ရင်​ဖုံး​ကို ထူး​ဆန်း​စွာ လုပ်​ရ​မည်။

ရင်​ဖုံး​အ​ပေါ်​ထောင့်​နှစ်​ခု၌၊ ရွှေ​နှစ်​ကွင်း​ကို​လည်း​ကောင်း၊ ရွှေ​ကျောက်​အိုး နှစ်​လုံး​ကို​လည်း​ကောင်း ကျစ်​သော​ရွှေ​ကြိုး နှစ်​ပင်​ကို​လည်း​ကောင်း လုပ်​ပြီး​မှ၊ ထို​ရွှေ​ကွင်း၌​တပ်၍ သင်​တိုင်း​သိုင်း​ကြိုး​အ​ပေါ်​မှာ​ရှိ​သော ကျောက်​အိုး​တို့၌​တွဲ​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ