တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ ဣသရေလအမျိုး၏ နာမည်တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။
ခဲပြားပေါ်မှာကညစ်နှင့် အက္ခရာတင်လျက်၊ ကျောက်စာထိုးလျက်မြဲပါစေသော။
အသက်အကြီးအငယ်အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာတင်ရမည်။
ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ သူတို့နာမည်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။
ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါရမည်။
ရွှေစင်သင်းကျစ်ကိုလည်းလုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်းခြင်းဟု အက္ခရာတင်၍၊
စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီလေ၏။
ရှဟံကျောက်နှစ်လုံးကိုသွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ယာလက်၌ပါသော တံဆိပ်လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။
ယောရှုရှေ့မှာ ငါထားသောကျောက်ကို ကြည့်ရှုလော့။ ထိုကျောက်တစ်ခုကို မျက်စိခုနစ်လုံးကြည့်ရှုလျက်ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တစ်နေ့ချင်းတွင် ဤပြည်၏အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။-
ရွေးနုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။-
သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ ဟူ၍လည်းကောင်း၊ ဘုရားသခင်၏နာမတော်ကို ၀န်ခံသောသူမည်သည်ကား၊ မတရားသောအမှုကို ရှောင်ရမည်ဟူ၍လည်းကောင်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။-
အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကို ညှဥ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍၊-