Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 27:19

Judson Bible

အ​မှု​တော်​ထမ်း​ဖို့ တဲ​တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​တံ​သင်၊ ဝင်း​နှင့်​ဆိုင်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ခ​ဏ​တွင်၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ကျွန်ုပ်​တို့​ကို ဘေး​မဲ့​လွှတ်၍ ကျန်​ကြွင်း​စေ​လျက်၊ သန့်​ရှင်း​သော ဌာ​န​တော်၌ စွဲ​ထား​သော​တံ​စို့​ကို ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​မျက်​စိ​ကို လင်း​စေ၍၊ အ​ကျွန်ုပ်​တို့ ကျွန်​ခံ​နေ​ရာ၌ အ​သက်​ရှူ​ပြန်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။

ဝင်း​သည် အ​လျား​အ​တောင်​တစ်​ရာ၊ အ​နံ​ငါး​ဆယ်၊ အ​မြင့်​ငါး​တောင်​ရှိ၍၊ ပိတ်​ချော​နှင့် ကြေး​ဝါ​ခြေ​စွပ်​ဖြင့်​ပြီး​ရ​မည်။

ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင်၊ သက်​သေ​ခံ​ချက်​ထား​ရာ​အ​ရပ်​ကို​ကာ​သော ကု​လား​ကာ​ပြင်​မှာ၊ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​စ​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း​၍​ယူ​သော​သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​ရ​ကြ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။

ပြာ​ခံ​စ​ရာ​အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။

တဲ​တော်​တံ​သင်၊ ဝင်း​တံ​သင်​ကြိုး​များ​ကို​လည်း​ကောင်း၊

တဲ​တော်​တံ​သင်​ဝင်း​ပတ်​လည်၌ စိုက်​သော​တံ​သင်​ရှိ​သ​မျှ​တို့​သည် ကြေး​ဝါ​တံ​သင်​ဖြစ်​ကြ၏။

ကာ​သော​ဝင်း​ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ​ခြေ​စွပ်၊ တဲ​တော်​တံ​သင်၊ ဝင်း​ပတ်​လည်၌​စိုက်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း လုပ်​လေ၏။

ဝင်း​ကု​လား​ကာ၊ ဝင်း​တိုင်၊ ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ ကာ​စ​ရာ​ကု​လား​ကာ​ကြိုး​များ၊ တံ​သင်​များ​ကို​လည်း​ကောင်း၊ တဲ​တော်​အ​တွင်း၌ အ​မှု​တော်​ကို​ဆောင်​စ​ရာ​တန်​ဆာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊

ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် တုတ်​ချွန်​နှင့်​လည်း​ကောင်း၊ တစ်​ပါး​တည်း​သော သိုး​ထိန်း​ကြီး အပ်​ပေး​တော်​မူ၍၊ ပ​ရိ​သတ်​အုပ်​တို့ ရိုက်​ထား​သော သံ​ချွန်​နှင့်​လည်း​ကောင်း တူ၏။

ငါ​တို့​ပွဲ​ခံ​ရာ​မြို့၊ ဇိ​အုန်​မြို့​ကို ကြည့်​ရှု​လော့။ တိုင်​တစ်​ခု​မျှ​မ​ရွှေ့၊ ကြိုး​တစ်​ခု​မျှ​မ​ပြတ်၊ အ​လျှင်း​မ​ပျက်​ရ​သော တဲ​တည်း​ဟူ​သော၊ ငြိမ်​ဝပ်​သော​နေ​ရာ ယေ​ရု​ရှ​လင်​မြို့​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ​လိမ့်​မည်။

ထို​အ​မျိုး​ထဲ​က တိုက်​ထောင့်​အ​မြစ်​ကျောက်၊ တံ​စို့၊ စစ်​တိုက်​လေး၊ မင်း​ဖြစ်​သော လူ​အ​ပေါင်း​တို့​သည် ထွက်​ကြ​လိမ့်​မည်။

ခြေ​စွပ်​များ၊ တံ​သင်​များ၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။

ဝင်း​တိုင်၊ ခြေ​စွပ်​တံ​သင်၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။ သူ​တို့​ထမ်း​ရွက်​ရ​သော​တန်​ဆာ​တို့​ကို အ​မည်​မှတ်၍​ရေ​တွက်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ