ဝင်းအနောက်ဘက်အနံ၌ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တစ်ဆယ်၊ ခြေစွပ်တစ်ဆယ်ရှိရမည်။
ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တစ်ပြားတစ်ပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဖို့ ငွေခြေစွပ်လေးဆယ်ကို လုပ်ရမည်။
ထိုနည်းတူ၊ မြောက်ဘက်၌ကာရန် အလျားအတောင်တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။
ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။
တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။