ထွက်မြောက် 26:31Judson Bibleတစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောကုလားကာတစ်ထည်ကို ချုပ်ရမည်။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည် ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ်၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။