ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဖို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့် မွမ်းမံရမည်။
ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကိုလည်းကောင်း၊ အာရဇ်သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေစင်နှင့်မွမ်းမံလေ၏။
အိမ်တော်တစ်အိမ်လုံးကိုလည်းကောင်း၊ ဗျာဒိတ်ဌာနတော်နားမှာရှိသော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။
ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းပိုးနေရာဖြစ်ရမည်။
အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တစ်ဖက်တစ်ချက်၌ ဆုံးစေရမည်။
တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။