Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 25:40

Judson Bible

တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ အိမ်​တော်​ဦး၊ အ​ဆောင်​ကြီး၊ ဘ​ဏ္ဍာ​တိုက်၊ အ​ထက်​ခန်း၊ အ​တွင်း​ခန်း၊ က​ရု​ဏာ​ပ​လ္လင်​ထား​ရာ​အ​ခန်း၏​ပုံ​ကို​လည်း​ကောင်း၊

ထို​ပုံ​များ​ရှိ​သ​မျှ​တို့​ကို ရေး​ထား​သည်​အ​တိုင်း၊ နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မူ၏။

ရွှေ​မီး​ခုံ​ဆယ်​ခု​ကို​လည်း အ​ရင်​ပုံ​နှင့်​အ​ညီ လုပ်၍ ဗိ​မာန်​တော်​အ​တွင်း လက်​ယာ​ဘက်၌​ငါး​ခု၊ လက်​ဝဲ​ဘက်၌ ငါး​ခု​ကို ထား​လေ၏။

မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​စင်​အ​ခွက်​တစ်​ဆယ်​နှင့် လုပ်​ရ​မည်။

ငါ​ပြ​သ​မျှ​သော တဲ​တော်​ပုံ၊ တဲ​တော်​တန်​ဆာ​ပုံ​နှင့်​အ​ညီ လုပ်​ရ​မည်။

တောင်​ပေါ်​မှာ သင့်​အား​ပြ​သော​ပုံ​နှင့်​အ​ညီ၊ တဲ​တော်​ကို တည်​ဆောက်​ရ​မည်။

တောင်​ပေါ်​မှာ သင့်​အား​ပြ​သည်​အ​တိုင်း၊ ထို​ယဇ်​ပ​လ္လင်​ကို အ​ပေါ်​အောက် ဟင်း​လင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ပျဉ်​ပြား​နှင့်​လုပ်​ရ​မည်။

လိမ်း​စ​ရာ​ဆီ​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌​သုံး​ဖို့ နံ့​သာ​ပေါင်း​မွှေး​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​၏။

တစ်​ဖန် မော​ရှေ​သည်၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​သ​ဘော​ကို​ရ၍၊ အ​လုပ်​လုပ်​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊

မီး​ခုံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပြ​တော်​မူ​သော​ပုံ​နှင့်​အ​ညီ မီး​ခုံ​တိုင်​မှ​စ၍ ကြာ​ပွင့်​တိုင်​အောင် ရွှေ​ဖြင့်​တစ်​စပ်​တည်း​ထု​လုပ်​သော မီး​ခုံ​ဖြစ်​သ​တည်း။

မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။-

မော​ရှေ​သည် တဲ​တော်​ကို ဆောက်​လုပ်​အံ့​သော​အ​ခါ၊ တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ အ​လုံး​စုံ​တို့​ကို​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်​ဟု ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သည်​ဖြစ်၍၊ ထို​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကောင်း​ကင်​အ​ရာ​တို့၏ ပုံ​ပ​မာ​အ​ရိပ်​နှင့်​သာ​ဆိုင်​လျက် ဝတ်​ကို​ပြု​နေ​ကြ၏။

နောင်​ကာ​လ၌ သူ​တို့​သည် ငါ​တို့​နှင့် ငါ​တို့​သား​မြေး​တို့​အား ထို​သို့​ပြော​ဆို​လျှင်၊ ငါ​တို့​က ငါ​တို့​အ​ဘ​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို ပူ​ဇော်​ခြင်း​ငှာ​မ​ဟုတ်၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား​မှာ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ တည်​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပုံ​ကို ကြည့်​ကြ​လော့​ဟု ပြန်​ပြော​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ ငါ​တို့​သည်​တိုင်​ပင်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ