ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ်နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကိုခံရမည်။
အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတစ်ပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးထိုက်သောအရာတို့နှင့် မစကြ၏။
အဆွေအမျိုးသူကြီး အချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော်ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှာ၊
ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့၌လည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့၌လည်းကောင်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သကာကို ဆောင်ခဲ့သောသူ အသီးအသီးအဖို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အဖို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင်သွားစေခြင်းငှာလည်းကောင်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။
ယေရုရှလင်မြို့၌ နေခြင်းငှာ အလိုလိုဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းချီးပေးကြ၏။
တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊
ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဖို့တစ်ဖို့ကို၊ လေဝိသားအမွေခံစရာဖို့ ငါပေးပြီ။ ထိုကြောင့် သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။-
စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကိုလှူသော ဣသရေလအမျိုး မင်းတို့အားငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။