Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 24:17

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တောင်​ထိပ်​ပေါ်​မှာ လောင်​သော​မီး​ကဲ့​သို့ ထင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်၌ ရောင်​ခြည်​ကြောင့် မီး​ခဲ​တောက်​လျက်​ရှိ၏။

နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့် မီး​ခဲ​တောက်​လေ၏။

သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ဖြင့်​လွှမ်း​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​သော​ကြောင့်၊ တစ်​တောင်​လုံး မီး​ခိုး​ထွက်​လေ​၏။ မီး​ခိုး​သည်​လည်း မီး​ဖို၏​မီး​ခိုး​ကဲ့​သို့​တက်၍ တစ်​တောင်​လုံး ပြင်း​စွာ​လှုပ်​လေ၏။

ထို​အ​ခါ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် ချုံ​ထဲ​က​ထွက်​သော မီး​လျှံ၌​ထင်​ရှား၏။ မော​ရှေ​သည်​ကြည့်​သော​အ​ခါ၊ မီး​လောင်၍ ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သည်​ကို မြင်​လျှင်၊

ပ​လ္လင်​အ​တွင်း၌​လည်း​ကောင်း၊ ပတ်​လည်၌​လည်း​ကောင်း၊ ခါး​သ​ဏ္ဌာန်​မှ​သည် အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​နှင့် မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၏။ အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၍ ပတ်​လည်၌ ထွန်း​တောက်​လေ၏။

ထို​သို့ ထွန်း​တောက်​သော အ​ရောင်​သည် မိုး​ရွာ​သော​နေ့​တွင်၊ မိုး​တိမ်၌​ပေါ်​သော သက်​တံ၏ အ​ရောင်​ကဲ့​သို့ ဖြစ်၏။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သ​ဏ္ဌာန် အ​ဆင်း​အ​ရောင်​ဖြစ်​သ​တည်း။

အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လောင်​သော​မီး၊ အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။

သင်​တို့​ကို​သွန်​သင်၍ ကောင်း​ကင်​ထဲ​က စ​ကား​တော်​သံ​ကို ကြား​စေ​တော်​မူ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ကြီး​စွာ​သော​မီး​တော်​ကို​လည်း ပြ​တော်​မူ၍၊ သင်​တို့​သည် မီး​ထဲ​က​စ​ကား​တော်​ကို ကြား​ရ​ကြ​ပြီ။

သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။

ထို​မှ​တစ်​ပါး၊ သင်​တို့​သည် လက်​နှင့်​တွေ့​နိုင်​သော တောင်​သို့​လည်း​ကောင်း၊ လောင်​သော​မီး​သို့​လည်း​ကောင်း၊ မည်း​သော​တိမ်​တိုက်၊ မှောင်​မိုက်၊ မိုး​သက်​မုန်​တိုင်း​သို့ လည်း​ကောင်း၊-

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ