Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:8

Judson Bible

သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​ငွေ​ကို​ချေး၍ အ​တိုး​မ​ယူ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​တစ်​ဖက်​မှ တံ​စိုး​ကို​မ​ခံ​ဘဲ​ကျင့်​သော​သူ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​အ​မြဲ ကင်း​လွတ်​လိမ့်​သ​တည်း။

သူ​တို့​လက်​သည် မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်၍၊ သူ​တို့​လက်​ယာ​လက်​သည်​လည်း တံ​စိုး​နှင့် ပြည့်​ဝ​ပါ၏။

မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။

မ​တ​ရား​သော​သူ​သည် တ​ရား​လမ်း​ကို​ဖျက်​သော အ​ဖိုး​တံ​စိုး​ကို သူ​တစ်​ပါး၏​ခါး​ပိုက်​အိတ်​ထဲ​က နှိုက်​ယူ​တတ်၏။

လက်​ဆောင်​သည် ခံ​သော​သူ​အ​ထင်​အ​တိုင်း ကျောက်​မြတ်​ကဲ့​သို့ ဖြစ်၍၊ မျက်​နှာ​ပြု​လေ​ရာ​ရာ၌ အောင်​တတ်၏။

စည်း​စိမ်​ရှိ​လျှင် အ​ဆွေ​ခင်​ပွန်း များ​တတ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ မိ​မိ​အိမ်​နီး​ချင်း​နှင့်​မျှ မ​ပေါင်း​ဖော်​ရ။

အ​ကယ်​စင်​စစ်၊ ညှဉ်း​ဆဲ​ခြင်း​သည် ပ​ညာ​ရှိ​သော​သူ​ကို ရူး​စေ​တတ်၏။ တံ​စိုး​သည်​လည်း စိတ်​နှ​လုံး​ကို ယို​ယွင်း​စေ​တတ်၏။

အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။

စ​ပျစ်​ရည်​ကို များ​စွာ​သောက်​နိုင်​သော​သူ၊ ဆေး​နှင့်​ရော​သော သေ​ရည်​သေ​ရက်​ကို​သောက်​ခြင်း​အ​မှု၌၊ အား​ကြီး​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ထို​သူ​တို့​သည် တံ​စိုး​ကို​စား​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မ​ပေး​ဘဲ​လွှတ်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​ဖြောင့်​မတ်​ခြင်း​ကို ဝန်​မ​ခံ၊ ပယ်​ရှား​တတ်​ကြ၏။

သင့်​အ​လယ်၌​လည်း လူ​အ​သက်​သတ်​ခ​ကို​ခံ​ကြ၏။ အ​တိုး​စား၍ ငွေ​ကို​ချေး​ကြ၏။ အိမ်​နီး​ချင်း၏​ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ငါ့​ကို​လည်း မေ့​လျော့​ကြ၏။

သူ​တို့​စား​သောက်​ပွဲ​ခံ​ချိန်​လွန်​ပြီ။ မင်း​လုပ်​သော​သူ​တို့​သည် အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ​ပြီ။ ရှက်​ဖွယ်​သော​အ​မှု​ကို တပ်​မက်​ကြ​ပြီ။

သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဘု​ရား​တို့၏​ဘု​ရား၊ သ​ခင်​တို့၏​သ​ခင်၊ ကြီး​မြတ်​သော​ဘု​ရား၊ တန်​ခိုး​နှင့်​ပြည့်​စုံ၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ လူ​မျက်​နှာ​ကို​မ​ထောက်၊ တံ​စိုး​ကို​မ​စား​ဘဲ၊

သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။

ဤ​အ​ရပ်၌ ယ​ခု ငါ​ရှိ၏။ အ​ဘယ်​သူ၏​နွား​ကို ငါ​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ၏ မြည်း​ကို​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို လှည့်​စား​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို ညှဉ်း​ဆဲ​ဖူး​ပြီ​နည်း။ ကိုယ်​မျက်​စိ​ကို ကွယ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လက်​မှ တံ​စိုး​ကို​ခံ​ဖူး​ပြီ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဘိ​သိက်​တော်​ကို ခံ​သော​သူ​ရှေ့​မှာ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လော့။ သူ့​ဥ​စ္စာ​ကို ငါ​ယူ​မိ​လျှင် ပြန်​ပေး​ပါ​မည်​ဟု ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​အား ပြော​ဆို​သော်၊

သို့​ရာ​တွင် အ​ဘ​လမ်း​သို့​မ​လိုက်။ ငွေ​ကို​တပ်​မက်​သော​စိတ်​နှင့် လွဲ​သွား၍ တံ​စိုး​စား​လျက် တ​ရား​ကို​ဖျက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ