Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:3

Judson Bible

ဆင်း​ရဲ​သော​သူ​ဘက်​၌​လည်း မ​ငဲ့​ကွက်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်၌ ဆင်း​ရဲ​သော​သူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ သူ့​ကို မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။

တ​ရား​တွေ့​ရာ​အ​မှု၌ ဖြောင့်​မတ်​သော​သူ​ကို ရှုံး​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ၏​မျက်​နှာ​ကို မ​ထောက်​ကောင်း။

ဆင်း​ရဲ​သော​သူ၏​ဆင်း​ရဲ​ကို​ထောက်၍၊ သူ၏​ဥ​စ္စာ​ကို မ​လု​မ​ယူ​နှင့်။ ဒု​က္ခိ​တ​သ​တ္တ​ဝါ​ကို မြို့​တံ​ခါး​ဝ၌ မ​ညှဉ်း​ဆဲ​နှင့်။

ငတ်​မွတ်​သော​သူ​တို့​ကို တ​ရား​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။

သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။

တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။

သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ