ထွက်မြောက် 22:9Judson Bibleသူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစ်စုံတစ်ခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစ်စုံတစ်ယောက်ဆိုလျှင်၊ အမှုသည်နှစ်ဦးတို့သည် ဘုရားသခင်ရှေ့တော်၌ အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ အခန်းကိုကြည့်ပါ။ |
အမြို့မြို့၌နေသော အမျိုးသားချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားကို လွန်ကျူးခြင်းအမှု မည်သည်ကား၊ သင်တို့ရှေ့သို့ရောက်လျှင်၊ သင်တို့နှင့် အမျိုးသားချင်းတို့အပေါ်သို့ အမျက်တော် သက်ရောက်စေခြင်းငှာ၊ သူတို့သည် ထာဝရဘုရားကို မပြစ်မှားရမည်အကြောင်း သတိပေးကြလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။