Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 22:30

Judson Bible

ထို​နည်း​တူ သိုး​နွား​တို့​ကို​ပြု​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး သိုး​နွား​သ​ငယ်​ကို အ​မိ​နှင့်​အ​တူ​နေ​စေ၍၊ အ​ဋ္ဌ​မ​နေ့​ရောက်​မှ ငါ့​အား​ဆက်​ကပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့၌ သား​ယောက်ျား​တိုင်း၊ ကိုယ်​အိမ်၌​ဖွား​သော​သူ​ဖြစ်​စေ၊ ကိုယ်​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​၌ ငွေ​နှင့် ဝယ်​သော​သူ​ဖြစ်​စေ၊ အ​သက်​ရှစ်​ရက်​မြောက်​လျှင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ရ​မည်။

သင်​တို့၌ အ​ဦး​ဖွား​သော​သား​အ​ပေါင်း​တို့​နှင့် သင်​တို့၌​ရှိ​သော​တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​သီး​အ​ခြား​ခွဲ​ထား​ရ​ကြ​မည်။ အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်​ရ​ကြ​မည်။

ငါ​က​လည်း၊ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ညစ်​ညူး​ခြင်း​သို့ မ​ရောက်​ပါ​သေး။ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၊ ရွံ​ရှာ​ဖွယ်​သော​အ​ကောင်၏​အ​သား​ကို ငယ်​သော အ​သက်​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် အ​ကျွန်ုပ်​သည် မ​စား​ပါ​ဟု လျှောက်​လျှင်၊

ငါ​သည် သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ ငါ​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည်​လည်း ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ၍ သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန် တစ်​စုံ​တစ်​ခု​အား​ဖြင့်​မျှ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ​ကြ။

ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။

အ​ဋ္ဌ​မ​နေ့၌ သား​ယောက်ျား​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပြု​ရ​မည်။

အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၏​အ​သား​ကို စား​သော​ကိုယ်​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​မည်​သည်​ကား၊ စား​လျှင် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ ထို​နောက် စင်​ကြယ်​ခြင်း​ရှိ၏။

သိုး၊ ဆိတ်၊ နွား​တို့​သည်​မွေး​ဖွား​သော​အ​ခါ ခု​နစ်​ရက်​အ​တွင်း​တွင် သား​ငယ်​ကို အ​မိ​နှင့် မ​ကွာ​စေ​ရ။ အ​ဋ္ဌ​မ​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ဖို့​တော်​သင့်၏။

အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍ မ​စား​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အ​လို​လို​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ၊ သား​ရဲ​ကိုက်၍​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ​ကို အ​ခြား​ဖို့​သုံး​ရ​သော်​လည်း၊ အ​လျှင်း​မ​စား​ရ။

သင်​တို့​သည် နေ​လေ​ရာ​ရာ၌ ငှက်​သွေး၊ သား​သွေး​မှ​စ၍ အ​သွေး​မည်​မျှ​ကို​မ​စား​ရ။

အ​လို​လို​သေ​သော​အ​ကောင်​ကို မ​စား​ရ။ သင်​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​စား​စ​ရာ​ဖို့ ပေး​ရ​မည်။ သို့​မ​ဟုတ် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား ရောင်း​ရ​မည်။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​ကြ၏။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

သင်၏​သိုး​နွား​တို့​တွင် အ​ဦး​ဖွား​သော အ​ထီး​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ရ​မည်။ အ​ဦး​ဖွား​သော​နွား၊ အ​ဦး​ဖွား​သော​သိုး​ကို မ​သုံး​ဆောင်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ