Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 22:3

Judson Bible

သို့​သော်​လည်း နေ​ထွက်​လျှင် သေ​စား​သေ​စေ​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ပြန်​ပေး​စ​ရာ​အ​ကြောင်း​ရှိ၏။ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​လျှင်၊ ခိုး​သည်​ဥ​စ္စာ​အ​တွက် ကိုယ်​ကို​ရောင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဝန်​စာ​ရေး​က​လည်း၊ သင်​တို့​စ​ကား​အ​တိုင်း​ဖြစ်​စေ။ သို့​သော်​လည်း မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​သည်​ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ပြစ်​လွှတ်​ကြ​စေ​ဟု ဆို​သော်၊

ဟေ​ဗြဲ​အ​မျိုး​ဖြစ်​သော ကျွန်​ကို​ဝယ်​လျှင်၊ ခြောက်​နှစ်​သာ​အ​စေ​ကျွန်​ခံ​စေ​ရ​မည်။ သ​တ္တ​မ​နှစ်​ရောက်​သော်၊ ကိုယ်​ဖိုး​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။

တွင်း​ရှင်​သည် မြင်း၊ နွား​အ​ဖိုး​ကို​လျော်၍ အ​သေ​ကောင်​ကို​ယူ​ရ​မည်။

သူ​ခိုး​သည် အိမ်​ကို​ထွင်း​ဖောက်​စဉ်၊ သူ​တစ်​ပါး​တွေ့၍ သေ​အောင်​သတ်​သော်​လည်း၊ သေ​စား​မ​သေ​စေ​ရ။

စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။

ထို​သူ​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကိုယ်​မှ​စ၍ သား​မ​ယား​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို​ရောင်း၍ ကြွေး​ကို​ဆပ်​စေ​ဟု သူ၏​သ​ခင်​စီ​ရင်၏။-

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့၌​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ ရောင်း​တော်​မူ​သ​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ