ထွက်မြောက် 21:8Judson Bibleသခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့်၊ တစ်ပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။ အခန်းကိုကြည့်ပါ။ |
မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံမှထွက်သွား၍ ယင်ရဲတို့သည် ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည်အကြောင်း၊ နောက်တစ်ဖန်ဆီးတား၍ လှည့်စားတော်မမူပါနှင့်ဟုလျှောက်ပြီးလျှင်၊
မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သက်ပါသည်ဟု အဘအားပြောဆို၏။