သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့်ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။
သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ကျွန်ခံလျက်၊ သူတို့အမှုကိုစောင့်၍ ကောင်းသောစကားနှင့် ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
ဘုရားသခင်သည် ဘုရားတို့၏ပရိသတ်၌ ရပ်လျက်နေတော်မူ၍၊ ဘုရားတို့အလယ်၌ စီရင်တော်မူ၏။
အကြောင်းမူကား၊ ယနေ့ညတွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကိုဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ဘုရားတို့ကို တရားစီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။
လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။
သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါဟု အတည့်အလင်းပြောဆိုလျှင်၊
အဘသည် သမီးကိုကျွန်ခံစေခြင်းငှာရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည်မဟုတ်။
ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။
သင်၏တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာခန့်ထားသည်နည်းတူ၊ တစ်ဖန်ငါခန့်ထားဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
မြေကို သူတစ်ပါးအစဉ်ပိုင်စေခြင်းငှာ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တုဖြစ်ကြ၏။
သူသည်သူငှားကဲ့သို့လည်းကောင်း၊ ဧည့်သည်ကဲ့သို့လည်းကောင်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။
မြို့အလယ်၌ မင်းများတို့သည် ဟောက်သောခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှ မချန်မထား၊ ည၌ လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။
တရားသူကြီးတို့အားလည်း၊ သင်တို့ ညီအစ်ကို၏အမှုတို့ကိုနားထောင်၍ အမျိုးသားချင်း တရားတွေ့သည်ဖြစ်စေ၊ တစ်ပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ၊ တရားသဖြင့်စီရင်ကြလော့။
သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက်မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သားတို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊
သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌လည်း ပြုရမည်။
သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြားခန့်ထားရမည်။ သူတို့သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြမည်။
ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟု ဆိုလျှင်၊
အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိဒ်စကားကိုယုံလျက်ဆို၏။
ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့်ထားမည်ဟုပြန်ပြော၏။