ထွက်မြောက် 21:2Judson Bibleဟေဗြဲအမျိုးဖြစ်သော ကျွန်ကိုဝယ်လျှင်၊ ခြောက်နှစ်သာအစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။ အခန်းကိုကြည့်ပါ။ |
ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသောအမည်ဖြင့် လျောက်ပတ်စွာမှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍နိုင်ပါပြီ။ သားဦးအရိုက်အရာကို အရင်ယူသွားပါပြီ။ ယခုလည်းတစ်ဖန် အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို ယူသွားပါပြီဟူ၍လည်းကောင်း၊ အကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ပါးကိုမျှ မခြွင်းပါသလော ဟူ၍လည်းကောင်း ဆိုလေ၏။
ပရောဖက်အမျိုးသား၏ မယားတစ်ယောက်သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှာလာပါပြီဟု ကြွေးကြော်လေ၏။
တစ်ပါးအမျိုးသားတို့လက်၌ ကျွန်ခံသော ငါတို့ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တစ်ဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟု ဆိုလျှင်၊ သူတို့သည် ပြန်ပြောစရာမရှိ၊ တိတ်ဆိတ်စွာ နေကြ၏။