Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:25

Judson Bible

သင်​သည် ကျောက်​ယဇ်​ပ​လ္လင်​ကို ငါ့​အ​ဖို့​တည်​လျှင်၊ ဆစ်​သော​ကျောက်​ကို မ​တည်​ရ။ သံ​တန်​ဆာ​ပါ၍ တည်​သော​ယဇ်​ပ​လ္လင်​သည် ညစ်​ညူး​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​အိမ်​တော်​ကို တည်​လုပ်​သော​အ​ခါ၊ ထို​အ​ရပ်​သို့​မ​ဆောင်​ခဲ့​မီ ဆစ်​ပြီး​သော ကျောက်​တို့​ဖြင့်​သာ​တည်​လုပ်​သော​ကြောင့်၊ သံ​တူ၊ ပု​ဆိန်၊ သံ​တန်​ဆာ​နှင့်​လုပ်​သော​အ​သံ မ​မြည်​ရ။

ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။

မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ရေး​ထား​ပြီး​မှ၊ နံ​နက်​စော​စော​ထ၍၊ တောင်​ခြေ​ရင်း၌​ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​နှင့်​အ​မျှ ကျောက်​တိုင် တစ်​ဆယ်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​လေ၏။

မီး​ရှို့​ရာ​ယဇ်​ဖို့ စား​ပွဲ​လေး​ခု​တို့​သည် ဆစ်​သော​ကျောက်​ဖြင့်​ပြီး၍၊ အ​လျား တစ်​တောင်​တစ်​ထွာ၊ အ​နံ တစ်​တောင်​တစ်​ထွာ၊ အ​မြင့် တစ်​တောင်​ရှိ၏။ ထို​စား​ပွဲ​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​စ​ရာ​တန်​ဆာ​များ​ကို တင်​ထား​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှာ​ထား၍ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း၌ ရေး​မှတ်​လျက်​ရှိ​သည်​အ​တိုင်း၊ သံ​တန်​ဆာ​မ​ပါ​မ​သုံး​ဘဲ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​ဖြင့် ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ