Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:23

Judson Bible

ငါ့​ကို​ကိုး​ကွယ်​သော​အ​မှု၌ ကိုယ်​သုံး​ဖို့ ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား​ကို​မ​လုပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ကြ၏။ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​မျိုး​ပြု​သ​ကဲ့​သို့ မိ​မိ​တို့​ဘု​ရား​ကို​လည်း ဝတ်​ပြု​ကြ၏။

ထို​လူ​အ​မျိုး​မျိုး ကိုယ်​တိုင်​မှ​စ၍၊ သား​မြေး​မြစ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ကြ၏။ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း ဝတ်​ပြု​ကြ၏။ မိ​ရိုး​ဖ​လာ​သို့​လိုက်၍ ယ​နေ့​တိုင်​အောင်​ကျင့်​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့​ပြန်​သွား၍၊ အို​ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ​ပါ၏။ မိ​မိ​တို့​အ​ဖို့ ရွှေ​ဘု​ရား​ကို​လုပ်​ပါ​ပြီ။

သင်​သည် ကိုယ်​အ​ဖို့​သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သွား​ကြ​လော့။ အ​သီး​အ​သီး မိ​မိ​တို့​ရုပ်​တု​များ​ကို ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင် အ​ကယ်​စင်​စစ် နောက်​တစ်​ဖန် ငါ့​စ​ကား​ကို​နား​မ​ထောင်သော်​လည်း၊ ငါ၏​သန့်​ရှင်း​သော​နာ​မ​တော်​ကို သင်​တို့​ပူ​ဇော်​သ​ကာ​များ​နှင့် ရုပ်​တု​များ​အား​ဖြင့် မ​ရှုတ်​ချ​ဘဲ​နေ​ရ​ကြ​လိမ့်​မည်။

သူ​တို့​တံ​ခါး​ခုံ​ကို​လည်း ငါ့​တံ​ခါး​ခုံ​အ​နား​မှာ​လည်း​ကောင်း၊ သူ​တို့​တိုင်​ကို​လည်း ငါ့​တိုင်​အ​နား​မှာ​လည်း​ကောင်း တည်​စိုက်​လျက်၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ နံ​ရံ​တစ်​ခု​တည်း​သာ​ရှိ​လျက်၊ သူ​တို့ ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ဖြင့်၊ ငါ၏​နာ​မ​တော်​မြတ်​ကို ရှုတ်​ချ​သော​ကြောင့်၊ ငါ​သည်​အ​မျက်​ထွက်၍ သူ​တို့​ကို ဖျက်​ဆီး​ပြီ။

ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။

စ​ပျစ်​ရည်​ကို​သောက်၍၊ ရွှေ​ဘု​ရား၊ ငွေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း​ကြ၏။

ရုပ်​တု​ဆင်း​တု​ကို​လည်း မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်​အ​ဖို့ သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ကောင်း​ကင်​တန်​ဆာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ကိုး​ကွယ်​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် မာ​လ​ခံ​ဘု​ရား​ကို​တိုင်​တည်​လျက် ကျိန်​ဆို​ကိုး​ကွယ်​သော သူ​တို့​ကို​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​သော​အ​ရာ၊ လက်​သ​မား​လက်​နှင့် ထု​လုပ်​သော​ရုပ်​တု၊ သွန်း​သော​ဆင်း​တု​ကို​လုပ်၍ မ​ထင်​ရှား​သော​အ​ရပ်၌ ထား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

သူ​တို့၌​ရှိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု​တို့​ကို မြင်​ကြ​ပြီ။

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-

ထို​ငွေ​ဆယ်​တစ်​ပိဿာ​ကို အ​မိ​အား​ပြန်​ပေး​သော​အ​ခါ၊ အ​မိ​က၊ ငါ့​သား​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို လုပ်​စ​ရာ​ဖို့ ဤ​ငွေ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ငါ​ပူ​ဇော်​နှင့်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ