Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:14

Judson Bible

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။

ငို​ကြွေး​မြည်​တမ်း​ချိန်​လွန်​မှ၊ ဒါ​ဝိဒ်​သည် လူ​ကို​စေ​လွှတ်၍ ထို​မိန်း​မ​ကို နန်း​တော်​သို့​ခေါ်​စေ​သ​ဖြင့်၊ သူ​သည် မိ​ဖု​ရား​အ​ဖြစ်​သို့​ရောက်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ဖြစ်​သ​တည်း။

ကိုယ်​ကို​ညစ်​ညူး​စေ​လျက်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ။

သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။

တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လင်​ရှိ​သော​မိန်း​မ​သည် အ​ခြား​တစ်​ပါး​သော​ယောက်ျား​နှင့် မှား​ယွင်း၍ လင်​ကို​ပြစ်​မှား​လျှင်​လည်း​ကောင်း၊ မှား​ယွင်း​စဉ်​တွင် သူ​တစ်​ပါး​မ​တွေ့​မိ၊ သက်​သေ​မ​ရှိ၊ သီ​လ​ပျက်​သော်​လည်း ထို​အ​မှု​ကို​ဝှက်​ထား၍ လင်​မ​သိ​လျှင်​လည်း​ကောင်း၊

အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-

အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။-

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။-

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ