Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:10

Judson Bible

သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား၊ မိန်း​မ၊ တိ​ရ​စ္ဆာန်၊ သင်၏ တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပြည်​သား​တို့​သည် ဥ​ပုသ်​နေ့၌ ဥ​စ္စာ၊ စား​စ​ရာ​ကို​ရောင်း​ခြင်း​ငှာ ယူ​ခဲ့​လျှင်၊ ဥ​ပုသ်​နေ့​ဖြစ်​စေ၊ အ​ခြား​သော ဓ​မ္မ​နေ့​ဖြစ်​စေ မ​ဝယ်၊ သ​တ္တ​မ​နှစ်​တွင် လယ်​လုပ်​ခြင်း​အ​မှု​ကို မ​ပြု၊ ကြွေး​ကို​အ​နိုင်​မ​တောင်း​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ကျိန်​ဆို​လျက် သ​စ္စာက​တိ​ထား​ကြ၏။

ခြောက်​ရက်​ပတ်​လုံး​သိမ်း​ယူ​ရ​ကြ၏။ ဥ​ပုသ်​နေ့​တည်း​ဟူ​သော ခု​နစ်​ရက်​မြောက်​သော​နေ့​တွင် မ​ရှိ​မ​တွေ့​ရ​ဟု​ဆို​လေ၏။

ငါ​သည် သင်​တို့​ကို​သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ငါ​နှင့် သင်​တို့​၏​သား​စဉ်​မြေး​ဆက်​စပ်​ကြား၌ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ဖို့​ရာ၊ ငါ့​ဥ​ပုသ်​နေ့​ကို စင်​စစ်​စောင့်​ရ​ကြ​မည်။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ လယ်​လုပ်​ရာ​ကာ​လ၊ အ​သီး​အ​နှံ​သိမ်း​ရာ​ကာ​လ​ဖြစ်​သော်​လည်း၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။

ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် သင်​တို့၌ သန့်​ရှင်း​သော​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငြိမ်​ဝပ်​စွာ​နေ​ရ​သော ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား အ​သေ​ခံ​ရ​မည်။

ငါ​နှင့်​ကွာ​ပြီး​လျှင်၊ ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို​တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​လျက်​ပင်၊ ငါ့​အ​လို​ကို မေး​မြန်း​ခြင်း​ငှာ၊ ပ​ရော​ဖက်​ထံ​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​အ​လို​အ​လျောက်​ပြန်​ပြော​သ​ဖြင့်၊

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။

ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ