ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှာဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မ တစ်ယောက်ကိုစေလွှတ်လေ၏။
ကျီးအတို့သည် နေ့တိုင်း နံနက်တစ်ခါ၊ ညဉ့်ဦးတစ်ခါ မုန့်နှင့် အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်းသောက်ရ၏။
ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကို ခံရသောသူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။
အကယ်စင်စစ် လူတို့၏ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်းစည်းတော်မူမည်။
ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။
ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊
နံနက်အချိန်၌ ဖာရောဘုရင်ထံသို့သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မီ သင်သည် မြစ်ကမ်းနားမှာရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။
ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
ရှင်ဘုရင်၏စိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍၊ ထာဝရဘုရား၏လက်တော်၌ရှိသဖြင့်၊ အလိုတော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
ယောနကို မျိုစေခြင်းငှာ ငါးကြီးကို ထာဝရဘုရားခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲမှာ သုံးရက်ပတ်လုံး နေရ၏။
ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့်တော်ကိုခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။
နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင်၏သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစားလေ၏။-