Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 2:22

Judson Bible

ထို​မိန်း​မ​ဖွား​သော​သား​ကို ဂေ​ရ​ရှုံ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု​ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင်​တို့​ထံ​မှာ​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ပါ၏။ ငါ၏​မ​ယား​အ​သေကောင်​ကို မျက်​ကွယ်​မြှုပ်​မည်​အ​ကြောင်း၊ သင်​တို့​တွင် သင်္ချိုင်း​ကို​ငါ့​အား​အ​ခွင့်​ပေး​ပါ​လော့​ဟု ဆို၏။

သူ​တို့​သည် တစ်​မြို့​မှ​တစ်​မြို့​သို့​လည်း​ကောင်း၊ တစ်​နိုင်​ငံ​မှ တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ လှည့်​လည်၍​သွား​ကြ​သော​အ​ခါ၊

အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။

အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​ခြင်း​ပ​တ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ အ​ကျွန်ုပ် အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​ရည်​ကို ကြည့်၍ နေ​တော်​မ​မူ​ပါ​နှင့်။ ဘိုး​ဘေး​အ​ပေါင်း​တို့​သည် ဖြစ်​ဖူး​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၏။

သူ​ငယ်​ကြီး​ပွား​သော​အ​ခါ၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ထံ​သို့ ပို့​ဆောင်၍ မင်း​သ​မီး​သည် သား​အ​ရာ၌​ခန့်​ထား​လျက်၊ မော​ရှေ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ရေ​ထဲ​က​ငါ​နုတ်​ယူ​သည်​ဟု ဆို​သ​တည်း။

တစ်​ပြည်​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​နှောင့်​ယှက်​မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။

ထို​အ​ခါ၊ မော​ရှေ​သည် မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​ကို​ယူ၍ မြည်း​ကို​စီး​စေ​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လှံ​တံ​တော်​ကို​လက်​စွဲ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လေ၏။

မြေ​ကို သူ​တစ်​ပါး​အ​စဉ်​ပိုင်​စေ​ခြင်း​ငှာ မ​ရောင်း​ရ။ မြေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင်​တို့​သည် ငါ၌​တည်း​သော ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ကြ၏။

ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။

ဒန်​အ​မျိုး​သား​တို့​သည် မိ​က္ခာ​ထု​သော​ရုပ်​တု​ကို တည်​ထောင်၍ မ​နာ​ရှေ​သား ဂေ​ရ​ရှုံ၏​သား​ယော​န​သန်​နှင့် သူ၏​သား​တို့​သည် သေ​တ္တာ​တော်​ကို သိမ်း​သွား​သည်​နေ့​တိုင်​အောင် ဒန်​အ​မျိုး၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​ကြ၏။

ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ