Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 2:2

Judson Bible

မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယော​ရှ​သည် ခြောက်​နှစ်​ပတ်​လုံး အ​ရီး​နှင့်​အ​တူ ဗိ​မာန်​တော်၌​ပုန်း​ရှောင်​လျက် နေ၍၊ အာ​သ​လိ​သည် စိုး​စံ​လေ၏။

က​ရု​ဏာ​စိတ်​ရှိ၍ ချေး​ငှား​တတ်​သော​သူ​သည် ကောင်း​စား​တတ်၏။ တ​ရား​ဆုံး​ဖြတ်​ရာ​ကာ​လ၌ အောင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

အာ​မ​ရံ​သည် မိ​မိ​အ​ရီး​ယော​ခေ​ဗက်​နှင့်​စုံ​ဖက်၍၊ သူ​သည် အာ​ရုန်​နှင့်​မော​ရှေ​ကို​လည်း​ကောင်း၊ သူ​တို့​အစ်​မ​မိ​ရိ​အံ​ကို​လည်း​ကောင်း ဖွား​လေ၏။ အာ​မ​ရံ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

အာ​မ​ရံ၏​မ​ယား​ကား၊ အဲ​ဂု​တ္တု​ပြည်၌ လေ​ဝိ​မ​ယား​ဖွား​မြင်​သော လေ​ဝိ၏​သ​မီး​ယော​ခေ​ဗက်​တည်း။ ထို​မိန်း​မ​သည် အာ​မ​ရံ၏​မ​ယား​ဖြစ်၍၊ အာ​ရုန်၊ မော​ရှေ၊ နှ​မ​မိ​ရိ​အံ​တို့​ကို​ဖွား​မြင်​လေ၏။

ထို​အ​ခါ အ​လွန်​အ​ဆင်း​လှ​သော မော​ရှေ​ကို ဖွား​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး အ​ဘ၏​အိမ်​တွင် ကျွေး​မွေး​ကြ၏။-

မြေ​ကြီး​ဘ​ဏ္ဍာ စုံ​လင်​ရာ​အား​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ချုံ၌​နေ​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏ ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။

မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။-

စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ