Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 2:10

Judson Bible

သူ​ငယ်​ကြီး​ပွား​သော​အ​ခါ၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ထံ​သို့ ပို့​ဆောင်၍ မင်း​သ​မီး​သည် သား​အ​ရာ၌​ခန့်​ထား​လျက်၊ မော​ရှေ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ရေ​ထဲ​က​ငါ​နုတ်​ယူ​သည်​ဟု ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ကိုယ်​ဝန်​ဆောင်​သည်​ဖြစ်၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ဣ​ရှ​မေ​လ​အ​မည်​ဖြင့် မှည့်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဆင်း​ရဲ​ဒု​က္ခ​ကို ကြား​သိ​တော်​မူ​ပြီ။

အာ​ဒံ​သည်​လည်း မိ​မိ​မ​ယား​နှင့် တစ်​ဖန်​ဆက်​ဆံ​ပြန်​လျှင်၊ မ​ယား​သည် သား​ကို​ဖွား​မြင်၍၊ ရှေ​သ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​သတ်​သော အာ​ဗေ​လ​ကိုယ်​စား၊ တစ်​ပါး​သော​အ​နွယ်​ကို အ​ကျွန်ုပ်​အ​ဖို့ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။

အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍၊ တစ်​ခဲ​နက်​သော​ရေ​ထဲ​က ငါ့​ကို ဆယ်​ယူ​တော်​မူ၏။

ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​က၊ ဤ​သူ​ငယ်​ကို​ယူ​သွား၍ ငါ့​ဖို့​ထိန်း​လော။ အ​ခ​ကို ငါ​ပေး​မည်​ဟု​မှာ​ထား​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည် သူ​ငယ်​ကို​ယူ​သွား၍ ထိန်း​လေ၏။

သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-

ပ​ညတ်​တ​ရား​လက်၌​ရှိ​သော ငါ​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ၊ မိန်း​မ​ဝမ်း၌ ပ​ဋိ​သ​န္ဓေ​ယူ၍ ပ​ညတ်​တ​ရား​အောက်၌ ဖွား​မြင်​ရ​သော သား​တော်​ကို ဘု​ရား​သ​ခင်​သည် စေ​လွှတ်​တော်​မူ၏။-

မော​ရှေ​သည် အ​သက်​အ​ရွယ်​ကြီး​သော​အ​ခါ အ​ပြစ်​ရှိ​သော ကာ​မ​ဂုဏ်​ကို ခ​ဏ​ခံ​စား​ခြင်း​ထက်၊ ဘု​ရား​သ​ခင်၏​လူ​တို့​နှင့် အ​တူ​ညှဉ်း​ဆဲ​ခံ​ရ​ခြင်း​ကို သာ၍ အ​လို​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၏ စည်း​စိမ်​ထက် ခ​ရစ်​တော်​ကြောင့် ကဲ့​ရဲ့​ခြင်း​ဒု​က္ခ​သည် သာ၍​မြတ်​သော စည်း​စိမ်​ဖြစ်​သည်​ကို စိတ်​ထင်​သ​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​စိတ်​ရှိ၍ ဖာ​ရော​ဘု​ရင်​သ​မီး၏​သား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ပယ်၏။ အ​ကြောင်း​မူ​ကား၊ နောက်​ရ​လ​တ္တံ့​သော​အ​ကျိုး​ကို ထောက်​စာ​မျှော်​လ​င့်​လျက်​နေ၏။-

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-

ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ