Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:6

Judson Bible

သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ရွေး​ချယ်​တော်​မူ၍ အ​ရေ​အ​တွက်​အား​ဖြင့် အ​တိုင်း​မ​သိ​များ​ပြား​စွာ​သော ကိုယ်​တော်၏ လူ​မျိုး​ကြီး​အ​လယ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ၏။

အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်၏​ကျွန်​မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုယ်​တော်​အ​မွေ​ခံ​ရာ​ဖြစ်​စေ​ခြင်း​ငှာ၊ မြေ​ကြီး​သား​အ​မျိုး​မျိုး​ထဲ​က ရွေး​နုတ်​ခွဲ​ထား​တော်​မူ​ပြီ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟု ပ​တ္ထ​နာ​ပြု​လေ၏။

အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​အ​မြဲ ကိုယ်​တော်၏​လူ​ဖြစ်​စေ​ခြင်း​ငှာ​ပြု၍၊ ကိုယ်​တော်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

ယု​ဒ​အ​မျိုး​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် နိုင်​ငံ​တော်​ဖြစ်၏။

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။

သင်​တို့​သည် ငါ့​ထံ၌ သန့်​ရှင်း​သော​သူ​ဖြစ်​ရ​ကြ​မည်။ တော၌ သား​ရဲ​ကိုက်​သော အ​မဲ​သား​ကို​မ​စား​ရ။ ခွေး​တို့​အား​ပစ်​ပေး​ရ​မည်။

ရွှေ​စင်​သင်း​ကျစ်​ကို​လည်း​လုပ်၍၊ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း​ခြင်း​ဟု အ​က္ခ​ရာ​တင်​၍၊

သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။

သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။

သူ​တို့​သည် သန့်​ရှင်း​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား ရွေး​နုတ်​တော်​မူ​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်​သည် သူ​တစ်​ပါး မ​စွန့်​ပစ်၊ စည်​ပင်​သော​မြို့​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ထို​သူ​အ​ချို့​တို့​ကို ငါ​ရွေး​ယူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် လေ​ဝိ​လူ​အ​ရာ၌ ခန့်​ထား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ခါး​ပန်း​သည် လူ၏​ခါး၌​မှီ​ဝဲ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ပေါင်း​တို့​သည် ငါ၏​လူ​မျိုး၊ ဘွဲ့​နာ​မ၊ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၌​မှီ​ဝဲ​စေ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း၏။ စီး​ပွား​တော်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်၏။ သူ​တို့​ကို လု​ယူ​သော​သူ အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြ၏။ ထို​သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ရ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​မှာ​ထား​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ငါ​သည်​သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း၊ ငါ၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို​စောင့်​လို​သော​ငှာ၊ ငါ​စီ​ရင်​သ​မျှ​သော​တ​ရား​လမ်း​သို့ လိုက်​ရ​ကြ​မည်​ဟု မှာ​ထား​၏။

သူ​တို့​ပြည်​တည်း​ဟူ​သော နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​ကို သင်​တို့​သည် အ​မွေ​ခံ​စေ​ခြင်း​ငှာ ငါ​အ​ပိုင်​ပေး​မည်​ဟု ငါ့​အ​မိန့်​တော်​ရှိ​ပြီ။ ငါ​သည် သင်​တို့​ကို အ​ခြား​သော​အ​မျိုး​နှင့်​ခွဲ​ထား​သော သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ​ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​သည်​ဖြစ်၍၊ သင်​တို့​ကို​ငါ​အ​လို​ရှိ​သ​ဖြင့်၊ အ​ခြား​သော​အ​မျိုး​နှင့် ခွဲ​ထား​သော​ကြောင့်၊ ငါ့​အ​ဖို့​သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။

ကိုယ်၌​အ​ပြစ်​ပါ​သော​ကြောင့်၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​အ​ရပ်​တို့​ကို ရှုတ်​ချ​မည်​ကို စိုး​ရိမ်၍၊ ကု​လား​ကာ​အ​တွင်း​သို့ မ​ဝင်​ရ။ ယဇ်​ပ​လ္လင်​သို့ မ​ချဉ်း​မ​ကပ်​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​ရပ်​တို့​ကို သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော​အ​ခါ သင်​တို့​နှင့် ငါ​ဖွဲ့​သော ပ​ဋိ​ညာဉ်​စ​ကား​နှင့်​အ​ညီ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​၏။ ငါ​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​တွင် နေ​ရာ​ကျ၏။ မ​စိုး​ရိမ်​ကြ​နှင့်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​လျက်၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း၏။ ပ​ရိ​သတ်​ရှိ​သ​မျှ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​ရ​သ​နည်း​ဟု ဆို​လေ၏။

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-

အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​ကို ဖျက်​ဆီး၏။ ထို​သူ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​သည် သန့်​ရှင်း​ရ၏။ သင်​တို့​သည်​လည်း၊ ထို​ဗိ​မာန်​တော် ဖြစ်​ကြ၏။-

အ​လို​လို​သေ​သော​အ​ကောင်​ကို မ​စား​ရ။ သင်​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​စား​စ​ရာ​ဖို့ ပေး​ရ​မည်။ သို့​မ​ဟုတ် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား ရောင်း​ရ​မည်။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​ကြ၏။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​တ​ကာ​တို့​ထက် သင်၏​ဂုဏ်​အ​သ​ရေ ကျော်​စော​ကိ​တ္တိ​ကို လွန်​ကဲ​စေ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ယ​နေ့ ဝန်​ခံ​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဟော​ပြော​လေ၏။

သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​စောင့်၍ လမ်း​တော်​သို့​လိုက်လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​ကို​ကိုယ်​တော်​အ​ဖို့ သ​န့်​ရှင်း​သော​အ​မျိုး အ​စဉ်​အ​မြဲ​ဖြစ်​စေ​တော်​မူ​မည်။

အ​ကြောင်း​မူ​ကား၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​အ​မျိုး​ဖြစ်၏။ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင့်​ကို​ရွေး​ချယ်​တော်​မူ​ပြီ။

ဤ​စာ​ကို သန့်​ရှင်း​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​အား ဖတ်​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ကို တိုင်​တည်၍ ငါ​သည် သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏။-

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ပ​ထ​မထ​မြောက်​ခြင်း​ကို ဝင်​စား​သော သူ​သည် မင်္ဂ​လာ​ရှိ​သော​သူ၊ သန့်​ရှင်း​သော​သူ ဖြစ်၏။ ထို​သို့​သော​သူ​သည် ဒု​တိ​ယ​သေ​ခြင်း၏ လက်​နှင့် ကင်း​လွတ်​လျက်၊ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်၊ ခ​ရစ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​ဖြစ်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ