Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:18

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ဖြင့်​လွှမ်း​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​သော​ကြောင့်၊ တစ်​တောင်​လုံး မီး​ခိုး​ထွက်​လေ​၏။ မီး​ခိုး​သည်​လည်း မီး​ဖို၏​မီး​ခိုး​ကဲ့​သို့​တက်၍ တစ်​တောင်​လုံး ပြင်း​စွာ​လှုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

41 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ လူ​သား​တို့​တည်​လုပ်​သော​မြို့​နှင့် ရဲ​တိုက်​ကို​ကြည့်​ရှု​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​သက်​တော်​မူ၏။

တစ်​ဖန် နေ​ဝင်၍​မိုက်​သော​အ​ခါ၊ ခွဲ​ထား​သော​အ​သား​အ​လယ်၌၊ မီး​ခိုး​ထွက်​သော​မီး​ဖို၊ မီး​ထွန်း​လင်း​သော​မီး​ခွက်​သည် ထင်​ရှား​စွာ​လျှောက်​သွား​လေ၏။

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။

ကိုယ်​တော်​တိုင်​လည်း၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်၍ မိုး​ကောင်း​ကင်​ထဲ​က ဗျာ​ဒိတ်​သံ​ကို လွှတ်​သ​ဖြင့်၊ ဟုတ်​မှန်​ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​တို့​ကို အပ်​ပေး​တော်​မူ၏။

မြေ​ကြီး​ကို ကြည့်​ရှု​တော်​မူ၍ သူ​သည် တုန်​လှုပ်​တတ်၏။ တောင်​တို့​ကို​တို့​တော်​မူ၍၊ သူ​တို့​သည် မီး​ခိုး​ထွက်​တတ်​ကြ​ပါ၏။

တောင်​ကြီး​တို့​သည် သိုး​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း ခုန်​ကြ၏။

အို​မြေ​ကြီး၊ အ​ရှင်၏​မျက်​နှာ​တော်​ရှေ့၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ရှေ့​မှာ တုန်​လှုပ်​လျက်​နေ​လော့။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ မိုး​ကောင်း​ကင်​ကို ညွှတ်၍​ဆင်း​သက်​တော်​မူ​ပါ။ တောင်​တို့​ကို တို့​တော်​မူ​ပါ။ သူ​တို့​သည် မီး​ခိုး​ထွက်​ကြ​ပါ​လိမ့်​မည်။

မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မိုး​ကို​များ​စွာ​ရွာ​စေ၍၊ ပင်​ပန်း​သော အ​မွေ​တော်​လူ​တို့​ကို ထောက်​မ​တော်​မူ၏။

ကိုယ်​တော်၏ မိုး​ကြိုး​သံ​သည် လေ​ပွေ၌​ပါ၍၊ လျှပ်​စစ်​ပြက်​သ​ဖြင့်၊ လော​က​ကို လင်း​စေ​ပါ၏။ မြေ​ကြီး​သည်​လည်း တုန်​လှုပ်​ပါ၏။

ကိုယ်​တော်​သည် သ​မု​ဒ္ဒ​ရာ၌ ကြွ​တော်​မူ၍၊ လမ်း​ခ​ရီး​တော်​သည် ကျယ်​ဝန်း​သော ရေ​တွင်​ရှိ​သ​ဖြင့်၊ ခြေ​တော်​ရာ​တို့​သည် မ​ထင်​ရှား​ကြ​ပါ။

ထို​သူ​ကို လက်​နှင့်​မ​ထိ​ရ။ အ​ကယ်​စင်​စစ် ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ သို့​မ​ဟုတ် လှံ​နှင့်​ထိုး​ရ​မည်။ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ အ​သက်​မ​ရှင်​ရ။ တံ​ပိုး​သည် ကြာ​ကြာ​မြည်​သော​အ​ခါ၊ လူ​များ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

မော​ရှေ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လူ​များ​တို့​ကို တပ်​ထဲ​က​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် တောင်​ခြေ​ရင်း​အောက်၌ ရပ်​နေ​ကြ​၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တောင်​ထိပ်​ပေါ်​မှာ လောင်​သော​မီး​ကဲ့​သို့ ထင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ရ​ကြ၏။

ထို​အ​ခါ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် ချုံ​ထဲ​က​ထွက်​သော မီး​လျှံ၌​ထင်​ရှား၏။ မော​ရှေ​သည်​ကြည့်​သော​အ​ခါ၊ မီး​လောင်၍ ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သည်​ကို မြင်​လျှင်၊

နက်​ဖြန်​နံ​နက် သင်​သည်​အ​သင့်​နေ​လျက်၊ သိ​နာ​တောင်​ပေါ်​သို့​တက်၍ တောင်​ထိပ်၌ ငါ့​ရှေ့​မှာ​ကိုယ်​ကို​ပြ​လော့။

ထို​သို့​သော ကြွေး​ကြော်​သံ​ကြောင့်၊ တံ​ခါး​တိုင်​တို့​သည် လှုပ်​ရှား၍၊ မီး​ခိုး​နှင့် တစ်​အိမ်​လုံး ပြည့်​လေ၏။

ကိုယ်​တော်​သည် မိုး​ကောင်း​ကင်​ကို ဖွင့်​လှစ်၍၊ ဆင်း​သက်​တော်​မူ​ပါ​စေ​သော။ ရှေ့​တော်၌ တောင်​တို့​သည် လှုပ်​ကြ​ပါ​စေ​သော။

တောင်​တို့​ကို​လည်း ငါ​ကြည့်​ရှု၍၊ သူ​တို့​နှင့်​တ​ကွ ကုန်း​ရှိ​သ​မျှ​တို့​သည် တုန်​လှုပ်​လျက်​နေ​ကြ၏။

ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။

သင်​တို့​သည် ငါ့​တောင်​ကြား​ချိုင့်​လမ်း​ဖြင့် ပြေး​ကြ​လိမ့်​မည်။ ထို​ချိုင့်​သည် အာ​ဇ​လ​မြို့​တိုင်​အောင် မီ လိမ့်​မည်။ ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း​လက်​ထက်၊ မြေ​ကြီး​လှုပ်၍ သင်​တို့​သည် ပြေး​သ​ကဲ့​သို့ တစ်​ဖန် ပြေး​ကြ​လိမ့်​မည်။ ငါ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ၍၊ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ပါ​ကြ​လိမ့်​မည်။

လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​က ကြွ​တော်​မူ၏။ စိ​ရ​အ​ရပ်​မှ ထို​လူ​တို့​အား နေ​ထွက်​တော်​မူ၏။ ပါ​ရန်​တောင်​ပေါ်​က ရောင်​ခြည်​ထွန်း​ပ​တော်​မူ၍၊ သန့်​ရှင်း​သော​သူ အ​ထောင်​အ​သောင်း​တို့​နှင့်​အ​တူ ကြွ​တော်​မူ၍၊ ဓ​မ္မ​မီး​သည် ဣ​သ​ရေ​လ​လူ​တို့​အ​ဖို့၊ လက်​ယာ​လက်​တော်​မှ ထွက်​လေ၏။

သင်​တို့​ကို​သွန်​သင်၍ ကောင်း​ကင်​ထဲ​က စ​ကား​တော်​သံ​ကို ကြား​စေ​တော်​မူ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ကြီး​စွာ​သော​မီး​တော်​ကို​လည်း ပြ​တော်​မူ၍၊ သင်​တို့​သည် မီး​ထဲ​က​စ​ကား​တော်​ကို ကြား​ရ​ကြ​ပြီ။

ထို​စ​ကား​တော်​ကို ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ​မီး၊ မိုး​တိမ်၊ ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​က ကြီး​စွာ​သော​အ​သံ​နှင့် သင်​တို့​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​မိန့်​မြွက်​တော်​မူ၏။ ထပ်၍ မိန့်​မြွက်​တော်​မ​မူ။ ထို​စ​ကား​တော်​ကို​လည်း ကျောက်​ပြား​နှစ်​ပြား​ပေါ်​မှာ​ရေး၍ ငါ၌​အပ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​သင်​တို့​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ မိန့်​မြွက်​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ သင်​တို့​သည် လက်​နှင့်​တွေ့​နိုင်​သော တောင်​သို့​လည်း​ကောင်း၊ လောင်​သော​မီး​သို့​လည်း​ကောင်း၊ မည်း​သော​တိမ်​တိုက်၊ မှောင်​မိုက်၊ မိုး​သက်​မုန်​တိုင်း​သို့ လည်း​ကောင်း၊-

အ​ထက်​က ဗျာ​ဒိတ်​တော်​အ​သံ​သည် မြေ​ကြီး​ကို​လှုပ်​သည် ဖြစ်၍၊ ယ​ခု​တစ်​ဖန် ငါ​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​ကို လှုပ်​ဦး​မည်​ဟု က​တိ​တော်​ရှိ၏။-

သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်၏ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကြောင့်၊ ဗိ​မာန်​တော်​သည် မီး​ခိုး​နှင့်​ပြည့်၍ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး၏ ဘေး​ဒဏ်​ခု​နစ်​ပါး မ​ကုန်​မီ​တိုင်​အောင် ဗိ​မာန်​တော်​ထဲ​သို့ အ​ဘယ်​သူ​မျှ မ​ဝင်​နိုင်။

သူ​သည် အ​နက်​ဆုံး​သော​တွင်း​ကို ဖွင့်​လျှင်၊ ကြီး​စွာ​သော မီး​ဖို၏​အ​ခိုး​ကဲ့​သို့​သော အ​ခိုး​သည် တွင်း​ထဲ​က တက်​လေ၏။ ထို​တွင်း၏ မီး​ခိုး​ကြောင့်၊ နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည် မှောင်​မိုက်​လေ၏။-

တောင်​ရိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​လည်း​ကောင်း၊ သိ​နာ​တောင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​လည်း​ကောင်း တုန်​လှုပ်​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ