Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:16

Judson Bible

သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။

ထို​သို့ ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​လျက် ရပ်၍​မ​နေ​နိုင်​ကြ။

လူ​မ​ရှိ​သော​မြေ​နှင့် လူ​မ​နေ​သော​တော၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။

ကိုယ်​တော်၏ မိုး​ကြိုး​သံ​သည် လေ​ပွေ၌​ပါ၍၊ လျှပ်​စစ်​ပြက်​သ​ဖြင့်၊ လော​က​ကို လင်း​စေ​ပါ၏။ မြေ​ကြီး​သည်​လည်း တုန်​လှုပ်​ပါ၏။

ငါ၏​လူ​စု၊ နား​ထောင်​လော့။ ငါ​မှာ​ထား​မည်။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။

လျှပ်​စစ်​တော်​သည် လော​က​ဓာတ်​ကို လင်း​စေ၏။ မြေ​ကြီး​သည် မြင်၍​တုန်​လှုပ်၏။

သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။

မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။

မော​ရှေ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လူ​များ​တို့​ကို တပ်​ထဲ​က​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် တောင်​ခြေ​ရင်း​အောက်၌ ရပ်​နေ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း ကြည့်​ရှု​လော့။ သင်​နှင့်​ငါ​ပြော​သော​အ​ခါ လူ​များ​တို့​သည်​ကြား​၍ အ​စဉ်​အ​မြဲ သင့်​ကို​ယုံ​မည်​အ​ကြောင်း၊ မိုး​တိမ်​တိုက်၌ သင့်​ဆီ​သို့​ငါ​လာ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို လူ​များ​တို့​အား ပြန်​ပြော​လေ​၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

လူ​များ​တို့​သည်​လည်း အ​ဝေး၌​ရပ်​နေ​ကြ၏။ မော​ရှေ​မူ​ကား၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​ရာ ထူ​ထပ်​သော​မှောင်​မိုက်​သို့ ချဉ်း​ကပ်​လေ​၏။

ထို​အ​ခါ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို​ဖြည့်​လေ၏။

မော​ရှေ​သည်​မိ​မိ​လှံ​တံ​ကို မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကြိုး​နှင့်​မိုး​သီး​ကို လွှတ်​တော်​မူ၏။ မီး​သည်​လည်း မြေ​ပေါ်​မှာ​ပြေး​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်၌ မိုး​သီး​ရွာ​စေ​တော်​မူ​သ​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊

ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​ရှည်​တော်​မူ၏။ တန်​ခိုး​လည်း ကြီး​တော်​မူ၏။ သို့​ရာ​တွင်၊ အ​ပြစ်​တည်​သော သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ပွေ၌​လည်း​ကောင်း၊ မိုး​သက်​မုန်​တိုင်း၌​လည်း​ကောင်း​ကြွ​တော်​မူ၍၊ မိုး​တိမ်​တို့​သည် စက်​တော်​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ၏။

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

ထို​အ​ခါ သင်​တို့​သည် မီး​ကို​ကြောက်၍ တောင်​ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သင်​တို့ စပ်​ကြား​မှာ​ရပ်​နေ၏။

ထို​သို့ ထင်​ရှား​သော​အ​ရာ​သည် အ​လွန် ကြောက်​မက်​ဖွယ်​ဖြစ်၍၊ မော​ရှေ​က၊ ငါ​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​ရှိ​သည်​ဟု ဆို၏။-

သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-

တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ ကောင်း​ကင်၌ တံ​ခါး​ဖွင့်​ထား​လျက်​ရှိ၏။ ရှေ့​ဦး​စွာ​ကြား​ရ​သော အ​သံ​ဟူ​မူ​ကား၊ ဤ​အ​ရပ်​သို့ တက်​လော့။ နောင်​ကာ​လ၌ ဖြစ်​ရ​မည်​အ​ရာ​တို့​ကို ငါ​ပြ​မည်​ဟု ငါ​နှင့်​ပြော​လျက်​ရှိ​သော တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ မြည်​လေ၏။-

ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။-

ကောင်း​ကင်​တ​မန်​သည် လင်​ပန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၏ မီး​နှင့်​ပြည့်​စေ​ပြီး​မှ၊ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်​သည်​ဖြစ်၍၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ လျှပ်​စစ်​ပြက်​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ