သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည်လူအပေါင်းတို့ရှေ့၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။
ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှာ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။
ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုးကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ်သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို အပ်ပေးတော်မူ၏။
အိုထာဝရဘုရား၊ ကိုယ်တော်၏ မိုးကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ။ တောင်တို့ကို တို့တော်မူပါ။ သူတို့သည် မီးခိုးထွက်ကြပါလိမ့်မည်။
မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။
သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာမိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တစ်တောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တစ်တောင်လုံး ပြင်းစွာလှုပ်လေ၏။
ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ခေါ်တော်မူလျှင်၊ မောရှေသည်တက်လေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုးတိမ်သည် ခြောက်ရက်ပတ်လုံးလွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကိုခေါ်တော်မူ၏။
ထာဝရဘုရား၏ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သောမီးကဲ့သို့ ထင်၍၊ ဣသရေလအမျိုးသားတို့သည် မြင်ရကြ၏။
သူတို့ကိုအဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှကယ်နုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။
နက်ဖြန်နံနက် သင်သည်အသင့်နေလျက်၊ သိနာတောင်ပေါ်သို့တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကိုပြလော့။
ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။
ငါသည်လည်း ထိုအရပ်သို့ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာတင်မည်။ ဤလူတို့ကို သင်တစ်ယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်။
ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။-
အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။-
ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏။
ထိုအခါထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အားမိန့်တော်မူသည်အတိုင်း၊
ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။