Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 18:4

Judson Bible

သား​တစ်​ယောက်​ကား၊ ဧ​လျေ​ဇာ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​သည် ငါ့​ကို​မ​စ၍ ဖာ​ရော​ဘု​ရင်၏​ဓား​မှ ကယ်​လွှတ်​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

မော​ရှေ​သား​ကား ဂေ​ရ​ရှုံ​နှင့် ဧ​လျေ​ဇာ​တည်း။

ဧ​လျေ​ဇာ​သား​အ​ကြီး ရေ​ဟ​ဘိ တစ်​ယောက်​တည်း​ရှိ၏။ ရေ​ဟ​ဘိ၌​ကား သား​အ​လွန်​များ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။

ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​အ​ခါ နား​ထောင်​တော်​မူ၏။ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း အ​လုံး​စုံ​တို့​အ​ထဲ​က ငါ့​ကို ကယ်​နုတ်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

မော​ရှေ​ကို​လည်း၊ ငါ့​ထံ​မှ​ထွက်​သွား​လော့။ နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​အောင် သ​တိ​ပြု​လော့။ ငါ့​မျက်​နှာ​ကို​မြင်​သော​နေ့၌ သေ​မည်​ဟု မိန့်​တော်​မူ​၏။

ထို​သ​တင်း​ကို ဖာ​ရော​ဘု​ရင်​ကြား​သော​အ​ခါ၊ မော​ရှေ​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ပြေး၍၊ မိ​ဒျန်​ပြည်​သို့ ရောက်​လျှင်၊ ရေ​တွင်း​နား​မှာ​ထိုင်၍​နား​နေ​လေ၏။

ထို​မိန်း​မ​ဖွား​သော​သား​ကို ဂေ​ရ​ရှုံ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု​ဆို​သ​တည်း။

ထို​အ​ခါ၊ မော​ရှေ​သည် မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​ကို​ယူ၍ မြည်း​ကို​စီး​စေ​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လှံ​တံ​တော်​ကို​လက်​စွဲ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လေ၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။

ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ ယ​ခု​ပင် သ​ခင်​ဘု​ရား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ဟေ​ရုဒ်​မင်း​လက်​မှ​လည်း​ကောင်း၊ ယု​ဒ​လူ​တို့၏ မျှော်​လင့်​ခြင်း​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​နုတ်​တော်​မူ​သည်​ကို ငါ​အ​မှန်​သိ၏​ဟု အောက်​မေ့​စဉ်၊-

ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။

သူ​တို့၌ အ​ပြစ်​တင်​တော်​မ​မူ​ပါ​စေ​နှင့်။ လူ​အ​ပေါင်း​တို့​သည် စွန့်​ပစ်​ကြ​သော်​လည်း၊ ဒေ​သ​နာ​တော်​ကို အ​ကုန်​အ​စင်​ဟော​ပြော၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ကြား​သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​သည် ငါ့​ဘက်၌​နေ၍ ငါ့​ကို ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​ကြောင့်၊ ခြင်္သေ့​ခံ​တွင်း​မှ ကယ်​နုတ်​ခြင်း​ချမ်း​သာ​ကို ငါ​ရ၏။-

မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။-

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ