Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 18:22

Judson Bible

ထို​သူ​တို့​သည်​ခပ်​သိမ်း​သော​အ​ချိန်​၌ လူ​များ​တို့​ကို တ​ရား​စီ​ရင်​ကြ​စေ။ ကြီး​သော​အ​မှု၌ သင်၏​အ​ယူ​ကို​ခံ​ကြ​စေ။ ငယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​စေ။ သို့​ဖြစ်​လျှင် သူ​တို့​သည်​ဝိုင်း​ညီ၍ အ​မှု​ထမ်း​သ​ဖြင့် သင်​သည်​သက်​သာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​ဧ​ဇ​ရ​သည်​လည်း၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို နား​လည်​သော၊ မြစ်​အ​နောက်​ဘက်​သား အ​ပေါင်း​တို့​တွင်၊ တ​ရား​မှု​ကို စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​သိ​သော​သူ​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း​များ၊ တ​ရား​သူ​ကြီး​များ​ကို သင်၏ ဘု​ရား​သ​ခင့်​ဉာဏ်​နှင့် သင်​ပြည့်​စုံ​သည်​အ​တိုင်း ခန့်​ထား​လော့။

သင်​မှ​စ၍ သင်၌​ပါ​သော ဤ​လူ​များ​တို့​သည် အ​မှန်​အား​လျော့​ကြ​လိမ့်​မည်။ ဤ​အ​မှု​သည် သင်၌​အ​လွန်​လေး​၏။ တစ်​ယောက်​တည်း မ​တတ်​နိုင်​သော​အ​မှု​ဖြစ်​၏။

ထို​သို့ ဘု​ရား​သ​ခင်​အ​ခွင့်​နှင့်​ပြု​လျှင် သင်​သည်​ခိုင်​ခံ့​လိမ့်​မည်။ ဤ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​နေ​ရာ​ပြည်​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လိမ့်​မည်​ဟု ပြော​ဆို​၏။

ထို​သူ​တို့​သည် ခပ်​သိမ်း​သော​အ​ချိန်၌ လူ​တို့​ကို​တ​ရား​စီ​ရင်​ကြ​၏။ ခက်​သော​အ​မှု၌ မော​ရှေ​၏​အ​ယူ​ကို​ခံ​ကြ​၏။ လွယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​၏။

နာ​မ​တော်​ကို​ပြစ်​မှား​လျက် ကျိန်​ဆဲ​လေ၏။ ထို​သူ၏​အ​မိ​ကား၊ ဒန်​အ​မျိုး၊ ဒိ​ဗ​ရိ​သ​မီး​ရှေ​လော​မိတ် ဖြစ်​သ​တည်း။

ငါ​သည်​လည်း ထို​အ​ရပ်​သို့​ဆင်း​သက်၍ သင်​နှင့်​နှုတ်​ဆက်​မည်။ သင့်​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို ငါ​ယူ၍ သူ​တို့​အ​ပေါ်​မှာ​တင်​မည်။ ဤ​လူ​တို့​ကို သင်​တစ်​ယောက်​တည်း​သာ ဆောင်​ရွက်​ရ​မည်​မ​ဟုတ်၊ ထို​အ​သက်​ကြီး​သူ​တို့​သည် ဝိုင်း​ညီ၍ ဆောင်​ရွက်​ရ​ကြ​မည်။

တွေ့​သော​သူ​တို့​သည်၊ ထို​သူ​ကို မော​ရှေ၊ အာ​ရုန်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​သို့ ခေါ်​ခဲ့​ကြ၏။

ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ မင်း​များ၊ ပ​ရိ​သတ်​များ​အ​ပေါင်း​တို့​ရှေ့​မှာ ရပ်​လျက်၊

ယော​သပ်​အ​မျိုး​ဖြစ်​သော မ​နာ​ရှေ​နှင့် မာ​ခိ​ရ​တို့​မှ ဆင်း​သက်​သော ဂိ​လဒ်၏​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ မော​ရှေ​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ထံ​သို့​လာ၍၊

ထို​အ​ကြောင်း​ကြောင့် အ​ခွန်​အ​တုတ်​ကို ပေး​ကြ​လော့။ မင်း​တို့​သည် ဘု​ရား​သ​ခင်၏ အ​မှု​စောင့်​ဖြစ်၍၊ အ​မှု​တော်​ကို အ​မြဲ​ထမ်း​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ