Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 18:19

Judson Bible

ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။

ကိုယ်​တော် ကျွန်​မ​က​လည်း၊ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး၏ အ​မိန့်​တော်​ကြောင့် ချမ်း​သာ​ရ​မည်။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တော်​မူ၏​ဟု အောက်​မေ့​ပါ၏။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​လေ၏။

မော​ရှေ​က​လည်း၊ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ယူ​တော်​ကို​ခံ​လို၍ ကျွန်ုပ်​ထံ​သို့​လာ​သော​ကြောင့် ဤ​သို့​ဖြစ်​၏။

သူ​တို့​အား​လည်း ပ​ညတ်​တ​ရား​တော်​များ​ကို သင်​ချ​ရ​မည်။ သူ​တို့​သွား​ရာ​လမ်း၊ ပြု​ရ​သော​အ​မှု​ကို​လည်း​ပြ​ရ​မည်။

မော​ရှေ​သည်​လည်း ယော​က္ခ​မ၏​စ​ကား​ကို​နား​ထောင်​၍ စ​ကား​ရှိ​သည်​အ​တိုင်း ပြု​လျက်၊

မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။

သူ​သည်​လည်း လူ​တို့​ရှေ့​မှာ​သင်၏​စ​ကား​ပြန်​လုပ်၍၊ သင်၏ နှုတ်​ကိုယ်​စား​ဖြစ်​လိမ့်​မည်။ သင်​သည်​လည်း သူ၏​ဘု​ရား​သ​ခင်​ကိုယ်​စား ဖြစ်​လိမ့်​မည်။

ပ​ညာ​ရှိ​သော​သူ​ကို​ဆုံး​မ​လျှင်၊ သူ​သည် သာ၍​ပ​ညာ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို သွန်​သင်​လျှင်၊ သူ​သည် သိ​ပ္ပံ​အ​တတ် တိုး​ပွား​လိမ့်​မည်။

သူ​တို့​အ​မှု​ကို​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​လေ၏။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ​သွား​သော​အ​ခါ၊ ကိုယ်​ထက်​သာ၍​များ​သော​မြင်း၊ ရ​ထား၊ လူ​တို့​ကို​မြင်​သော်​လည်း မ​ကြောက်​နှင့်။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​ရှိ​တော်​မူ၏။

ထို​အ​ခါ သင်​တို့​သည် မီး​ကို​ကြောက်၍ တောင်​ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သင်​တို့ စပ်​ကြား​မှာ​ရပ်​နေ၏။

သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ