နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ညဉ့်ဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာနေကြ၏။
ငါသည်မြို့အလယ်၌ လျှောက်၍၊ မြို့တံခါးသို့သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
မောရှေ၏ယောက္ခမယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဖို့ ယဇ်များကိုဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ယောက္ခမနှင့်အတူ ဘုရားသခင့်ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။
မောရှေသည် လူများတို့အားပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှုအဘယ်သို့နည်း။ သင်သည် တစ်ယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ညဉ့်ဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟုဆို၏။
ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌ တည်လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။
တစ်ပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တက်လာကြစေ။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။
ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာ ထိုင်ကြ၏။-
နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။
ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။-
ဖြူသောမြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊