Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 18:10

Judson Bible

အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​နုတ်​တော်​မူ​ထ​သော၊ လူ​များ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်၏​ရန်​သူ​တို့​ကို သင်၏​လက်၌​အပ်​နှံ​တော်​မူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​လည်း၊ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု မြွက်​ဆို၏။ အာ​ဗြံ​သည်​လည်း ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို၊ ထို​မင်း​အား ဆယ်​ဖို့​တစ်​ဖို့​လှူ​လေ၏။

က​ရု​ဏာ၊ သ​စ္စာ​တော်​ကို အ​ကျွန်ုပ်​သ​ခင်​မှ ရုပ်​သိမ်း​တော်​မ​မူ​သော၊ အ​ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လမ်း​မှာ​သွား​လျက်​ရှိ​သော အ​ကျွန်ုပ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​သ​ခင်၏​ညီ​အစ်​ကို​တို့​အိမ်​သို့ ပို့​ဆောင်​တော်​မူ​ပါ​သည်​တ​ကား​ဟု မြွက်​ဆို၏။

အ​ဟိ​မတ်​က​လည်း၊ ချမ်း​သာ​ရ​ပါ၏​ဟု​ဟစ်​လျက် ရှင်​ဘု​ရင်​ရှေ့​မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်၊ အ​ရှင်​မင်း​ကြီး​ကို ပုန်​ကန်​သော​လူ​တို့​ကို အပ်​တော်​မူ​သော ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု လျှောက်​လေ၏။

ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊

က​တိ​တော်​ရှိ​သ​မျှ​အ​တိုင်း မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငြိမ်​ဝပ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော က​တိ​တော်​ကောင်း တစ်​ခွန်း​မျှ​မ​ပျက်၊

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ပေါ်​ထွန်း​သော မိ​မိ​သန့်​ရှင်း​သော ပ​ရော​ဖက်​တို့​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ရန်​သူ​ဘေး​နှင့် ကင်း​လွတ်၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​သက်​လုံး သန့်​ရှင်း​ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​ဝတ်​ကို ရဲ​ရင့်​စွာ​ပြု​ရ​သော​အ​ခွင့်​ကို ပေး​မည်​ဟု ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​အား ကျိန်​ဆို​ခြင်း​က​တိ​တော်​တည်း​ဟူ​သော သန့်​ရှင်း​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို အောက်​မေ့​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​တို့ ဘိုး​ဘေး​များ​နှင့် ဝန်​ခံ​တော်​မူ​သော သ​နား​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​လျက် ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ကို​ပြု​တော်​မူ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ​လည်း​ကောင်း၊ မုန်း​သော​သူ​ရှိ​သ​မျှ​တို့ လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​မည်​အ​ကြောင်း၊ ကယ်​လွှတ်​ခြင်း​ဦး​ချို​ကို မိ​မိ​ကျွန်​ဒါ​ဝိဒ်​အ​မျိုး​ထဲ၌ ငါ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။

ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊-

ငါ​တို့၏ ဘု​ရား​သ​ခင်​ရှေ့၌ သင်​တို့၏​အ​ကြောင်း​ကြောင့် ငါ​တို့​ခံ​ရ​သော ဝမ်း​မြောက်​ခြင်း​အ​ပေါင်း​ကို ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ဘယ်​သို့ ဆပ်​နိုင်​သ​နည်း။-

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။

ဒါ​ဝိဒ်​က​လည်း၊ ယ​နေ့​ငါ​နှင့် တွေ့​စေ​ခြင်း​ငှာ၊ သင့်​ကို စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ